လာမည့်အပြောင်းအရွှေ့မှာ နာမည်ကျော်ကြယ်ပွင့်နှစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်
အခုတလောမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေက စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ သူတို့ရဲ့ ဂလက်ဆီအင်အားစု စီမံကိန်းမှာ ထပ်မံအားဖြည့်မှုတွေ ပြုလုပ်အုံးမယ်လို့ ကြားနေရလို့ပါပဲ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့နာမည်ကျော်တိုက်စစ်မှူး Ronaldo ရဲ့ အသင်းနဲ့ အနာဂတ် မသေချာတော့တာကြောင့် သူ့နေရာမှာ အစားထိုးနိုင်ဖို့ ကြယ်ပွင့်ကစားသမားတွေကို ထပ်မံအားဖြည့်ဖို့ လုပ်နေတာပါ။
အခုလို ထပ်မံခေါ်ယူဖို့ လေသံပစ်ထားတာကတော့ ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံစတား Eden Hazard နဲ့ ဘာစီလိုနာ တိုက်စစ်မှူး Neymar တို့ပဲဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား Eden Hazard ကိုတော့ အပြောင်းအရွှေ့ကာလမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားမယ်လို့ ဥက္ကဌ Florentino Perez က တရားဝင်ပြောကြားထားခဲ့တာပါ။
Perez ဟာ ပရီးမီးယားလိဂ်က ကြယ်ပွင့်ကစားသမား နှစ်ယောက်ဖြစ်တဲ့ Ronaldo နဲ့ Gareth Bale တို့ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူဖူးခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ဖူးတာကြောင့် Eden Hazard ကိုလည်း ငွေကိုရေလိုသုံးပြီး ခေါ်ယူသွားနိုင်တယ်လို့ သုံးသပ်နေကြတာပါ။
ဘာစီလိုနာတိုက်စစ်မှူး Neymar ကတော့ ရီးရဲလ်အသင်းကို ပြောင်းဖို့ တရားဝင်ပြောထားတာမျိုး မရှိသေးပါဘူး။ဒါပေမယ့် သူ့ရဲ့အေးဂျင့်ဟောင်းဖြစ်သူက Neymar ဟာ အခွင့်အရေးရရင် ရီးရဲလ်လို စတားတွေရှိတဲ့နေရာမှာ သွားကစားလိုတဲ့ ဆန္ဒရှိတယ်လို့ ဖွင့်ဟလိုက်တာကြောင့်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် စပိန်ဘီလူးကြီးက ကစားသမားသာ တကယ်ဆန္ဒရှိရင် လက်မတွန့်ပဲ ခေါ်ယူဖို့ ခြေဦးလှည့်နေတာပါ။
စပိန်ဘီလူးကြီးနှစ်သင်းကြားမှာ အပြောင်းအရွှေ့တွေဖြစ်ခဲပေမယ့် ပြောင်းရွှေ့ခဲ့ဖူးတဲ့ သာဓကများစွာတွေရှိဖူးတာကြောင့် ဘယ်လိုလာအုံးမလဲဆိုတာကတော့ စောင့်ကြည်ရအုံးမှာပါ။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#သစ်ထူးလွင်(အားကစား)
No comments:
Post a Comment