Sunday, September 20, 2015

သူတို့ ပါတာ မဆန်းပါဘူး ( ၁ )

နိုင်ငံရေးကို ဘာသာရေးနဲ့ မရောနဲ့တဲ့ ရဟန်းတော်တွေ နိုင်ငံရေးထဲ ဝင်ပါတာ မသင့်တော်ဘူးတဲ့ ရဟန်းတော်ကရဟန်းအကျင့်ပဲ ကျင့်ရမယ်ဆိုတော့ တစ်ခုစဉ်းစားမိတာက ဗုဒ္ဓတရားတော်တွေ ပျောက်ကွယ်ဖို့  အကြောင်းမပေါ်ဘူးဆိုရင်တော့ မှန်ကောင်းမှန်ပါလိမ့်မယ။်

သူတို့  ဘာ့ကြောင့် ရဟန်းဝတ်တာလည်း ဘာ့ကြောင့် သာသနာ့ဘောင်ကို ဝင်တာလည်း ဒါကို စဉ်းစား ကြည့်တော့ အဖြေက ဗုဒ္ဓတရားတော်တွေကို သင်ယူဖို့  စောင့်ရှောက်ဖို့  ဆိုတဲ့အဖြေထွက်တယ်။ ဒါဆိုရင် ဗုဒ္ဓတရားတော်တွေ ပျောက်ကွယ်ဖို့ အရေးမှာ သူတို့ ပါဝင်တာဆိုရင် နိုင်ငံရေးလုပ်တယ်လို့ ခေါ်လား?

ကိုယ့်သားမယားကိုယ် လုပ်ကျွေးရင်းနဲ့ တောင် ကိုယ့်ဘာသာကို သူများစော်ကားတဲ့အခါ မကျေမနပ် ဖြစ်နေကြတယ်ဆိုရင် ဘဝတစ်ခုလုံးပေးဆပ်ပြီး သာသနာတော်အတွက် အသက်ပေးထားကြတဲ့ ရဟန်း သံဃာတော်တွေဟာ လူတွေထက် ပိုပြီးသာသနာတော်ကို ချစ်တယ်ဆိုတာ စဉ်းစားစရာတောင်မလိုပါဘူး။

ကမ္ဘာပေါ်မှာ ခရစ်ယာမ်က သန်း ၁၆၀၀ ၊ မွတ်စလင်က သန်း ၁၄၀၀၊ ဗုဒ္ဓဘာသာက သန်း ၆၀၀ အမည်ခံပေမဲ့ ထေရဝါ စစ်စစ်က ၁၆၀ ကျော်ပဲရှိတယ်။ သူများဘာသာတွေက နယ်ချဲ့နေတဲ့အချိန်မှာ ကိုယ်တွေက နယ်ချဲ့ ဖို့ မပြောနဲ့  မပျောက်အောင်တောင် မနည်းကာကွယ်နေရတာ အယူအဆ လွဲသူတွေကြောင့် တစ်ဝက်ကျော်ကျော်က  ကိုယ်နဲ့ မဆိုင်သလိုနေပြီး မသိချင်ယောင်ဆောင်နေကြတာ အကြောင်းအမျိုးမျိုးကြောင့် ပဋိပက္ခတွေကြားထဲက ကာကွယ်နေရတာ ဒီလိုအခြေအနေမျိုးမှာ လူဖြစ်စေ ရဟန်းဖြစ်စေ ခွဲခြားနေ လို့ မရတော့ဘူး။


ရဟန်းတော်တွေက နိင်ငံရေးဝင်ပါတာဆိုရင် သူတို့ က အုပ်ချုပ်ရေးမှူးဖြစ်ချင်လို့လား တိုင်းမှူးဖြစ်ချင်လို့လား သမ္မတဖြစ်ချင်လို့ လား မထင်ပါနဲ့ ။ သူတို့ ဘာမှမဖြစ်ချင်ပါဘူး။ ဖြစ်ခွင့်လည်းမရှိပါဘူး။ လောကီကိစ္စတွေကို စိတ်ကုန်လို့ ရဟန်းဘဝနဲ့ နေကြတာပါ။ အမြင်ကြည်လင်ပေးကြပါ။ ဘာသာသာသနာအတွက်စိတ်ချရရင် သူတို့  တရားကို သူတို့ အားထုတ်ပါလိမ့်မယ်။

ဦးမြင့် ခိုင် စိတ်ပညာ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ