Wednesday, September 16, 2015

စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များအကြောင်း Viber မှ တိုင်ကြားမှု နေ့စဉ်မြင့်တက်

ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့မောင်းနှင်နေသည့် မော်တော်ယာဉ်များရှိနေကြောင်း Viber မှ တစ်ဆင့် တိုင်တန်းလာသည့် အမှုအရေအတွက်သည် နေ့စဉ်မြင့်တက်မှုရှိနေကြောင်း နေပြည်တော်အခြေစိုက် ယာဉ်ထိန်းတပ်ဖွဲ့မှူး ကပြောသည်။ စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များရှိပါက Viber (0997120328) မှ တစ်ဆင့်တိုင်ကြားနိုင်သည့် Online Complaint Center အားပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် စတင်၍ ဖွင့်လှစ်ပြီးနောက်ပိုင်းတိုင်တန်းလာသည့် အမှုအရေအတွက်ကိုကိုးကားကာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒါဟာရန်ကုန်မြို့က မော်တော်ယာဉ်တွေနဲ့ ပတ်သက်ပြီး ပကတိအခြေအနေ အမှန်တွေ ပဲ” ဟုပြောသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးစာရင်းများအရ အများပြည်သူတို့၏ နေ့စဉ်တိုင်တန်းလာမှုက တစ်ရက်လျှင် အမှု ၃၀ နှင့် ၅၀ ကြားရှိနေသည်ဟု သိရသည်။ ရန်ကုန်မြို့အမှတ် ၂ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ရုံးတွင်ဖွင့်လှစ်ထားသည့် အဆိုပါစင်တာတွင် ယာဉ်ထိန်းရဲများအလှည့်ကျထိုင်ကာတိုင်တန်းလာမှုကို စိစစ်ပြီးချက်ချင်းအရေးယူခြင်းတို့ကို ဆောင်ရွက် လျက်ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးကပြောသည်။

တိုင်တန်းလာသည့် အမှုများတွင် လမ်းပြောင်းပြန်မောင်းခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ဖြူနီကြားရပ်ခြင်းနှင့် ယာဉ်မရပ်ရ နေရာများတွင် ရပ်ခြင်းကအများဆုံးဖြစ်သည်ဟု ၎င်းထံမှသိရသည်။ Viber နှင့် စည်းကမ်းမဲ့ ယာဉ်များကို တိုင်ကြားဖူးသူတစ်ဦးက ၎င်း၏တိုင်ကြားမှုအပေါ် ရက်ပိုင်းအတွင်း ရဲကအရေးယူခဲ့သည်ကို သိရှိခဲ့ရကြောင်းပြောသည်။“ယာဉ်ကြောပိတ်ဆို့မှုတွေထဲမှာ စည်းကမ်းမဲ့ယာဉ်တွေကြောင့် အကြောင်း အရာကတစ်ချက်အနေနဲ့ ပါတယ်။ ကျွန်တော့်လိုပဲ အများပြည်သူတွေလည်းတိုင်တန်းစေချင်တယ်” ဟု ၎င်းက ပြောသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ