ကန်စွန်းရွက်
* ကန်စွန်းရွက်သည် မိခင်များအတွက်နို့ရည်နှင့်သုက်ဓာတ်ကိုပွါးစေဧ။်။အဖျားဖျားပြီးစအင်အားကုန်ခန်းနေ
သူအား ကန်စွန်းရွက်လက်တစ်ဆုပ်၊ ထန်းလျက်တစ်လုံးထည့်၍ ပြုတ်တိုက်ပါက ခွန်အားအမြန်ပြည့်စေဧ။် ။
ရေငတ်၊ ကျောက်တည်ရောဂါ၊ ဆီးရောဂါ၊ သွေးဝမ်းနှင့်မီးယပ်ဖြူ ရောဂါတို့ကို နိုင်ဧ။် ။ အထူးသဖြင့် အဆိပ်
အတောက်ကိုနိုင်ဧ။် ။ ဆီးပူကြောင့်ဖြစ်သော ပန်းသေ၊ပန်းညှိုးရောဂါကို ကန်စွန်းရွက်နှင့်ထောပတ် ကြော်စားကပျောက်ကင်းစေပါဧ။် ။
~ ပုစွန်စာ ~
* မြေတွင်ပြန့်ပေါက်သောမျိုး နှင့် အဆစ်မှ မြေကိုတွယ်ကပ်၍ ပေါက်သောမျိုး ဟူ၍ နှစ်မျိုးရှိပါဧ။် ။
ပုစွန်စာရွက်ကို ကြော်စားခြင်းဖြင့်၎င်း၊ ဟင်းချိုချက်စားခြင်းဖြင့်၎င်း စားသုံးကြပါဧ။် ။ အရသာမှာ ဖန်ဧ။် ။ မိခင်များအတွက် နို့ရည်ကိုပွါးစေဧ။်။အထူးသဖြင့်အဆုပ်ရောဂါအမျိုးမျိုးကိုအကျိုးပြုသည်။ပုစွန်စာဟင်းချိုကို သောက်သုံးပါက ဆီးရောဂါ ပျောက်ကင်းစေပါသည် ။
~ ကညို့ ~
* ကျေးလက်ဒေသများတွင် အတို့အမြုပ်အဖြစ် စားသုံးကြဧ။် ။ ကညို့သည် လေနှင့် သည်းခြေကိုနိုင်ဧ။် ။
ဝမ်းချုပ်ဧ။် ။ ဆီးပူရောဂါ၊သွေးဝမ်းသွားခြင်းရောဂါတို့ကိုနိုင်ဧ။်။သွေးအန်၊သွေးကျနာကိုပျောက်ကင်းစေပါဧ။်
~ မှိုနတို ~
* အတို့အမြုပ်အဖြစ် အသုံးပြုကြပါဧ။် ။ အရွက်သည်ချိုဧ။် ။ ၀မ်းမီးကို တောက်စေဧ။် ။ ချာချာလည်အောင်
မူးဝေသောရောဂါ၊သွေးပုပ်ကျန်သောရောဂါ၊ခံတွင်းပျက်ရောဂါ၊ကလေးလေဆန်ရောဂါတို့ကိုပျောက်ကင်းစေပါသည် ။ မှိုနတို(အချို) မျိုးကို ပြုတ်၍ သကြားသင့်ရုံထည့်သောက်ခြင်းဖြင့်၎င်း၊ အပင်ငယ်လေးများကို
ရှောက်ရည်ဖြင့်စိမ်ထားပြီး၂ရက်ခန့်အကြာတွင်ဆယ်ယူ၍လက်သုပ်လုပ်စားပါကအမျိုးသမီးများသွေးပုပ်ကျရောဂါကို ပျောက်ကင်းစေပါသည် ။
~ ကနဖော့ ~
* အပင်ငယ်မျိုးဖြစ်ပြီး အရိုးအရွက် တစ်ပင်လုံး အသုံးပြုနိုင်သည် ။ အရသာမှာ အနည်းငယ်ခါးသက်ဧ။် ။ စပ်ဧ။် ။ ၀မ်းအနည်းငယ် သက်စေဧ။် ။ သည်းခြေ နှင့်သလိပ်ကို နိုင်ဧ။် ။ ကိုယ်ဖောရောင်ခြင်းကို နိုင်ဧ။်။ကိုယ်ဖောရောင်ခြင်းအတွက် ကနဖော့ ပြုတ်တို့စားပါကပျောက်ကင်းစေပါဧ။် ။ (မှတ်ချက်) အပူရှိန်ကြောင့် ငုပ်သောအဖော နှင့် သလိပ်ကြောင့်ဖြစ်သော အဖောများကိုသာ ပျောက်ကင်းနိုင်ပါသည် ။
~ ကြက်ဟင်းခါးရွက် ~
* အရသာ ခါး စိမ့်ဧ။် ။ လေ၊ သည်းခြေ၊ သလိပ်ဒေါသ(၃)ပါးကို နိုင်ဧ။် ။ ပဉ္ဓငါးပါး အသုံးပြုနိုင်ဧ။် ။ နှုတ်
မြိန်စေဧ။် ။ ၀မ်းမီးတောက်စေဧ။် ။ အညစ်အကြေးကို ဖြိုခွင်းဧ။် ။ ပိုးကိုဖြိုခွင်းတတ်၍ နှုတ်မမြိန်ရောဂါ၊ ၀မ်းမီးနုန့်ရောဂါ၊အစာမကြေရောဂါ၊အသည်းရောဂါ၊၀မ်းချုပ်ခြင်း၊မြင်းသရိုက်ရောဂါတို့ကိုပျောက်ကင်းစေပါဧ။် ။ ထို့အပြင် ဖောရောင်ရောဂါ၊ နူနာရောဂါ တို့ကိုဖျက်စီးတတ်ဧ။် ။ အညှော်နှင့် အပုပ်အခိုးတို့ကို ထွက်စေ
ဧ။်။ကျေးလက်ဓလေ့အရအရက်နာကျသူများကြက်ဟင်းခါးအညွန့်ကလေးများကိုအရည်ညှစ်တိုက်ပါ။အညွန်းကိုရေနွေးဖျော၊ထမင်းနှင့်ကျွေး။(တနည်း)အရွက်အညွန့်ကလေးများကိုပြုတ်တို့စားပါ။ ထမင်းရည် သောက်ပါ။အရက်ကြိုက်သူများအတွက် အသည်းဆေးပဲဖြစ်ပါသည်။ကြာလျှင် အသည်းကျက် သွားနိုင် ပါ သဖြင့်၊ အသည်းမကျက်အောင် ကြက်ဟင်းခါးညွန့် စားပေးပါ ။
No comments:
Post a Comment