Tuesday, September 15, 2015

တရုတ်နှင့် ကုလား မိဘများ၏ သားသမီးများ လည်း နိုင်ငံခေါင်းဆောင် ဖြစ်သင့် ဟု NLD ပြော

တရုတ်၊ ကုလားနှင့် တခြားနိုင်ငံခြားသားမိဘများ၏ သား/သမီးများလည်းအား နိုင်ငံခေါင်းဆောင် လွှတ်တော်အမတ်များဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ်မိဘနှစ်ပါးက နိုင်ငံသား ဖြစ်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

"နိုင်ငံကိုဦးဆောင်မယ့် လွှတ်တော်အမတ်ဆိုပေမယ့် မိဘတွေနိုင်ငံသားမဖြစ်လည်းကိစ္စမရှိပါဘူး။ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ယူဆတယ်" လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ပါရှိတဲ့အတွက် နိုင်ငံသားခံယူထားသူ တရုတ်နှင့်ကုလားမိဘများရဲ့သားသမီးများလည်း ကျန်မြန်မာများနဲ့ တန်းတူ အခွင့်အရေးရသင့်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ