မြန်မာ ရွေးကောက်ပွဲကို EU စောင့်ကြည့်မယ်
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ဥရောပ သမဂ္ဂ အီးယူက စောင့်ကြည့်သူတွေကို စေလွတ်မယ်လို့ ကြေညာလိုက်ပါတယ်။
အီးယူး စောင့်ကြည့်ရေး အဖွဲ့ထဲမှာ သုံးသပ်ဝေဖန်သူ ၉ ဦးအပြင် ရေရှည်မှာ စောင့်ကြည့်သူ ၃၀ ဦးနဲ့ ရေတိုအတွက် စောင့်ကြည့်သူ ၆၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အီးယူ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အပြင် အီးယူရဲ့ သံတမန်တွေကလည်း စောင့်ကြည့်မှု လုပ်သွားမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာ ရွေးကောက်ပွဲမှာ အဖွဲ့အားလုံးကို ပါဝင်နိုင်အောင် လုပ်ဆောင်ဖို့နဲ့ ပြည်သူတွေ လိုလားတဲ့ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်ဖို့က အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံမှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ သီးသန့် ဆွေးနွေးမှု တစ်ခုမှာ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာမိတ်အဖွဲ့တွေ တွေ့ဆုံမှုအတွင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment