Tuesday, September 15, 2015

ရွေးကောက်ပွဲ ကြေညာစာတမ်း ဒီချုပ် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲအနိုင်ရရှိပြီး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ပါက လက်ရှိဝန်ကြီးဌာနများကို လျှော့ချဖွဲ့စည်းမည်ဖြစ်ပြီး အဂတိကင်းစင်ရေးထိထိ ရောက်ရောက် ဆောင်ရွက် ရန် မူဝါဒချမှတ်ထားကြောင်း သတင်းရရှိသည်။ဒီချုပ်ပါတီဆောင်ရွက်မည့် မူဝါဒများထည့်သွင်းရေးသား ထားသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် အထက်ပါအတိုင်းထည့်သွင်းဖော်ပြထား ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၄ရက်၌ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ 

လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် မိမိတို့ NLD ပါတီ အနိုင်ရ၍ အစိုးရဖွဲ့စည်းနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ဆောင်ရွက်မည့်ကိစ္စရပ်များကို ကဏ္ဍအလိုက်ခွဲခြား၍ ယခု ကြေညာစာတမ်းတွင်ဖော်ပြထားကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အဆိုပါစာတမ်း၏ အမှာ စာ၌ ရေးသားဖော်ပြထားသည်။ 

ပြည်သူများရသင့်ရထိုက်သော လွတ်လပ်မှုနှင့်လုံခြုံမှုကိုထိပါးစေမည့် ဥပဒေများဖျက်သိမ်းရေး၊ အခြေခံ ဥပဒေမှ ပြဋ္ဌာန်းထားသည့်အခွင့်အရေးများကို ထိရောက်စွာကာကွယ်၍ ခေတ်နှင့်အညီမြှင့်တင်ရေး၊ တရားမျှတပြီးဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ထူထောင်ရေးစသည့် ကိစ္စရပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။ 

တပ်မတော်နှင့်ပတ်သက်၍ နိုင်ငံတွင် တပ်မတော်သည်မရှိမဖြစ်လိုအပ်သောအဖွဲ့အစည်းဖြစ်ကာ ဒီမိုကရေစီကျင့်စဉ်များကိုကာကွယ်ဖြည့်ဆည်းပေးသည့် ဂုဏ်သိက္ခာရှိသောအင်အားစုဖြစ်ရေး၊ စစ်ရေးစွမ်းရည်မြင့်မား၍ နည်းပညာပိုင်းဆိုင်ရာတိုးတက်သောအဆင့်အတန်းမြင့်သည့် ခေတ်မီ တပ်မ တော်တည်ဆောက်ရေးတို့ကို ဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြထား သည်။ 

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအချင်းချင်းကြားဖြစ်ပေါ်နေသည့် ပြဿနာများကို အပြန် အလှန်လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့်ဖြေရှင်းခြင်း၊ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းရန် ပင်လုံစိတ်ဓာတ်ကိုအခြေခံသောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဆောင်ရွက်ရေး၊ ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

အဆိုပါ ကြေညာစာတမ်းတွင် ပါတီကဆောင်ရွက်မည့် မူဝါဒလေးချက်နှင့်စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး အစရှိသည့်ကဏ္ဍများပါဝင်သည့် ကဏ္ဍ ၁၃ ခုအတွက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖော်ပြ ထားသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ