နေ့စဉ် ဗီတာမင်စီပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲခြင်းဟာ အ၀လွန်နေသူတွေအတွက် လမ်းလျှောက်ခြင်း ကဲ့သို့ပင် နှလုံးကျန်းမာရေးအတွက် ထိရောက်မှုရှိတယ်လို့ လေ့လာမှုတစ်ခုက အခိုင်အမာ ဆိုလိုက် ပါတယ်။
ခန္ဓာကိုယ်အလေးချိန် လိုတာထက်ပိုနေတဲ့ အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်လို့ အကြံပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အ၀လွန်နေသူ ၅၀ ရာခိုင်နှုန်း ကျော် က ကျန်းမာရေး ညွှန်ကြားချက်ကို လက်မခံခဲ့ကြပါတယ်။
ဒါကြောင့် အခုတော့ သိပ္ပံပညာရှင်တွေက အ၀လွန်နေသူတွေကို ထပ်မံ အကြုံပြုလိုက်တာက နေ့စဉ် Berocca ဆေးပြားတစ်ပြားစာ နဲ့ညီမျှတဲ့ ဗီတာမင်စီ မှီဝဲခြင်းဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်တာလိုပဲ နှလုံးသွေးကြောဆိုင်ရာ ကောင်းကျိုးတွေ ရှိလာလိမ့်မယ် ဆိုတာပါပဲ။ အ၀လွန်နေသူတွေရဲ့ သွေးကြောဟာ သွေးကြောကျဉ်းစေတဲ့ သေးငယ်တဲ့ ပရိုတိန်း Endothelin (ET)-1 ကို လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေပါတယ်။ (ET)-1 ပမာဏ မြင့်မားတဲ့ သွေးကြောတွေဟာ သွေးကြောကျဉ်းဖို့ အခွင့်အရေးများလာစေတာ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အရင်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ET-1 လှုပ်ရှားမှုတွေကို လျှော့ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်း က အကူအညီပေးနိုင်တယ်ဆိုတာသိခဲ့ရသလို အခုချိန်မှာတော့ ဗီတာမင်စီ ပုံမှန်မှီဝဲ ခြင်းဟာ ပုံမှန်လေ့ကျင့်ခန်း လုပ်တာနဲ့ တူညီတဲ့ သက်ရောက်မှု တွေရှိစေတာကြောင့် ဗီတာမင်စီ မှီဝဲခြင်း ဟာ ET-1 လှုပ်ရှားမှုတွေကိုလည်း လျှော့ချနိုင်မယ် လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။
သိပ္ပံ ပညာရှင်တွေဟာ အရွယ်ရောက်ပြီး အ၀လွန်နေသူ ၃၅ ယောက်ကို ၃ လ ကြာလေ့လာခဲ့ကြပါတယ်။ အယောက် ၂၀ ကိုတော့ နေ့စဉ် ဗီတာမင်စီ မှီဝဲစေခဲ့ပြီး ကျန် ၁၅ ယောက်ကိုတော့ နေ့စဉ် အေရိုးဗစ် လေ့ကျင့်ခန်း တွေ ပြုလုပ်စေခဲ့ပါတယ်။ ပြီးတဲ့နောက် သိပ္ပံပညာရှင်တွေဟာ ထို ၃၅ ယောက်လုံးရဲ့ လေ့လာမှု မစခင်က ET-1 လှုပ်ရှားမှု ပမာဏ နဲ့ လေ့လာမှုအပြီး ပမာဏတွေကို တိုင်းတာကြည့်တဲ့အခါမှာ အားလုံး ရဲ့ ပမာဏ တွေဟာ တူညီနေတာကိုတွေ့ခဲ့ရပါတယ်။
ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဘက်က တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ ဗီတာမင်စီကို လိုအပ်တာထက်ပိုပြီး မှီဝဲရင်တော့ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း ၊ ပျို့ခြင်အန်ခြင်း ဖြစ်ခြင်းနဲ့ အစာအိမ် အချဉ်ပေါက် ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးညွှန်ကြားချက်တွေအရတော့ နေ့စဉ် မှီဝဲသင့်တဲ့ ဗီတာမင်စီ ပမာဏဟာ အမျိုးသားတွေအတွက်တော့ တစ်နေ့ကို ၉၀ မီလီဂရမ်ဖြစ်ပြီး ၊ အမျိုးသမီးတွေ အတွက်တော့ တစ်နေ့ကို ၇၅ မီလီဂရမ်ပဲ ဖြစ်ပါတယ်။
http://health.thithtoolwin.com
No comments:
Post a Comment