Wednesday, February 4, 2015

တက္ကသိုလ်များသီးခြားလွတ်လပ်စွာရပ်တည်ကြတော့မည်ဟုပြည်ထောင်စုဝန်ကြီးကဆို

ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၁၅

မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းပေါင်း ၁၃၆ ကျောင်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် မဟုတ်ဘဲ တက္ကသိုလ်များသည် သီးခြားလွတ်လပ်စွာ ရပ်တည်ကြ ရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တက္ကသိုလ်များ သီးခြားလွတ်လပ်စွာ ရပ်တည်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သိရသည်။


"လာမယ့် ဘဏ္ဍာရေးနှစ်မှာ တက္ကသိုလ်တွေဟာ ကိုယ့်ကျောင်းတာဝန်ကို ကိုယ်တာဝန်ယူ ဖြေရှင်းရမှာ
ဖြစ်ပါတယ်။ ဒီကျောင်းတွေရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကိုသာ ပညာရေးဝန်ကြီးဌာနကနေ တစ်ဆင့် လွှတ်တော်သို့ တင်ပြပေးတဲ့ တာဝန်ကိုသာ ဆောင်ရွက်
မှာဖြစ်ပါတယ်။ ၂၀၁၅ ဘဏ္ဍာရေးနှစ်အစ ဖြစ်တဲ့ ဧပြီ ၁ ရက်မှာ ဘဏ္ဍာရေး ကူးပြောင်းမှု ဆောင်ရွက်ပြီး ပညာသင်နှစ်အစ ဒီဇင်ဘာမှာ Academic ကဏ္ဍမှာ ကူးပြောင်းမှုရှိမှာဖြစ်ပါတယ်" ဟု ဒေါက်တာဒေါ်ခင်စန်းရီမှ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်ပညာသင်ကျောင်းများ သီးခြား လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် စတင်ဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ် ပဋိညာဉ်များ ရေးဆွဲထားသည့်အပြင် ပညာရေးစနစ်သစ် အသွင် ကူးပြောင်းရေး ကာလမှာ ၅ နှစ်တာကာလဖြစ်ကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ