-၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့မှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ဝင်ရောက် တိုက်ခိုက်မှုမှ တစ်ဆင့်ကိုးကန့်ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ပြည်သူများနေအိမ်စွန့်ခွာထွက်ပြေး ခဲ့ကြရပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ တပ်မတော်သားများစွာနဲ့ ရဲတပ်ဖွဲ့ဝင်များကျဆုံး၊ ထိခိုက်ဒဏ်ရာရှရိမှုများဖြစ်ခဲ့ရပါတယ်။
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကြိုးပမ်းနေတဲ့ ယနေ့အချိန်အခါမျိုးမှာ ကိုးကန့်အရေးအခင်းဖြစ်ပေါ်လာခြင်း ဟာလွန်စွာဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။ဘယိုပဲဖြစ်ဖြစ်၊ မိမိအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆက်လက် ဦးတည် ဆောင်ရွက်သွားမှာဖြစ်တယ်။
-ကိုးကန့်ဒေသစစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့စစ်သည်များအားလုံးနဲ့ ကျန်ရစ်သူမိသားစုများ အတွက် လွန်စွာဝမ်းနည်းထိခိုက်ရသကဲ့သို့ ဒေသတွင်းပြည်သူများ အတိဒုက္ခရောက်မှုအတွက် လည်း စိတ်မကောင်းဖြစ်ရပါတယ်.
-လောလောဆယ်အခြေအနေမှာ တည်ငြိမ်မှုပျက်ပြားသွားတဲ့ ကိုးကန့်ဒေသနဲ့ ဘ၀လုံခြုံမှု ကင်းမဲ့ သွားတဲ့ကိုးကန့်ဒေသပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးအတွက်မိမိကိုယ်တိုင်အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ပါတီအကြီးအကဲတစ်ဦးအနေဖြင့်အစွမ်းကုန်ကြိုးစားဆောင်ရွက်သွား မှာဖြစ်တယ်။
No comments:
Post a Comment