Thursday, February 5, 2015

တစ်နေ့အိပ်ချိန်ဘယ်လောက်လိုသလဲ

အိပ်စက်ခြင်းသည် ချမ်းသာခြင်းတစ်မျိုးပင်ဖြစ်သည်။ လူ အတော်များများသည် မိမိကိုယ်ကိုယ်အိပ်ရေးမဝသူများဟု ခံစားရလေ့ရှိ၏။

အမေရိကန်နိုင်ငံမှ အမျိုးသားအိပ်စက်ခြင်းဆိုင်ရာဖောင်ဒေးရှင်းမှ ပညာရှင်များသည် အသက် အရွယ်အလိုက်အိပ်ချိန်မည်မျှရှိ သင့်သည်ဆိုသည်ကို မကြာသေးမီ ရက်ပိုင်းကထုတ်ပြန်ခဲ့သည်။ ထို အိပ်ချိန်များတွင် ၎င်းတို့က အသက်အလိုက် မွေးကင်းစမှ အသက်အရွယ်ကြီးသူအထိ မည်မျှစီရှိသင့်သည်ဆိုသည် ပြောထားသည်။
အဆိုပါဇယားအရ
မွေးစမှသုံးလအထိ ၁၄ နာရီမှ ၁၇ နာရီ
လေးလမှ ၁၁ လအထိ ၁၂ နာရီမှ ၁၅ နာရီ
တစ်နှစ်မှ (၂)နှစ်အထိ ၁၁ နာရီ မှ ၁၄ နာရီ
- (၃)နှစ်မှ (၅)နှစ်အထိ ၁၀ နာရီမှ ၁၃ နာရီ
- (၆)နှစ်မှ (၁၃) နှစ်အထိ ကိုး နာရီမှ ၁၁ နာရီ
- (၁၄) နှစ်မှ (၁၇) နှစ်အထိ ရှစ် နာရီမှ ၁၀ နာရီ
- (၁၈) နှစ်မှ (၂၅) နှစ်အထိ ခုနစ် နာရီမှကိုးနာရီ
- (၂၆) နှစ်ကနေ (၆၄) နှစ်အထိ ခုနစ် နာရီမှ ကိုးနာရီ
- (၆၅) နှစ်အထက် ခုနစ် နာရီမှ ရှစ် နာရီရှိရမည်ဟုဆိုသည်။
‘‘အိပ်ချိန်အရမ်းနည်းတာနဲ့ အရမ်းများတာဟာ သေနှုန်းနဲ့ လည်းဆက်စပ်ပတ်သက်နေပါတယ်။ တခြားကျန်းမာရေးပြဿနာတွေနဲ့လည်းပတ်သက်ပါတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ ခန္ဓာကိုယ်သန်စွမ်းမှုကလည်း အိပ်ရေးနဲ့ဆက်စပ်နေပါတယ်’’ဟု စတွန်နီဘရုတ်ခ်တက္ကသိုလ်မှ ကျန်းမာရေးဌာနတွဲဖက်ပါမောက္ခလောရန်းဟေးလ်က ပြောသည်။
သို့သော်လည်း လူတစ်ဦးချင်းဆီသည် နည်းနည်းတော့ ကွာခြားမှုရှိနိုင်ပါသည်။ ယခုတင်ပြထားသော အိပ်ချိန်များက ကလေးများကိုအချိန်လုံလုံလောက်လောက်အိပ်စက်ရန် မိဘများက လမ်းညွှန်ဖို့နှင့် အရွယ်ရောက်သူများ လုံလုံလောက်လောက်အိပ်ရန် ညွှန်ပြထားခြင်းဖြစ်သည်။ အကယ်၍ အိပ်လွန်းပါကလည်း စိတ်ဓာတ်ကျခြင်းကဲ့သို့ တခြားကျန်းမာရေးပြဿနာများရှိသည်ဟု ကျန်းမာရေးပညာရှင်များကထောက်ပြသည်။
‘‘ခြွင်းချက်တွေတော့ရှိတာပေါ့ခင်ဗျာ။ လေယာဉ်စီးရမှာတို့၊ စာမေးပွဲဖြေရမှာတို့၊ လုပ်စရာရှိတာတို့ဆိုရင်လည်း အိပ်ချိန်ဘယ်အပြည့်အိပ်နိုင်မလဲ။ တစ်ခါ နေမကောင်းလည်း အအိပ်လွန်တာရှိတယ်။ ဒါပေမဲ့ နေ့စဉ်ပုံမှန်တော့ ဒီဇယားအတိုင်းအိပ်ပါလို့ပြောချင်ပါတယ်’’
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ