လောက်ကိုင်မြို့တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ပြီး ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ် ပေါ် နေပြီး ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ ဆက်တိုက်တိုက်ပွဲ များဖြစ်ပေါ်နေပြီး ယခုလ၁၈ရက်နေ့မွန်းလွဲပိုင်းအထိ ပြောက်ကျားတိုက်ခိုင်မှုများဖြစ်ပေါ်နေကြောင်းသိရ သည်။
““လွန်ခဲ့တဲ့ တစ်နာရီစပြီးတိုက်နေတာခုထိပဲ။ ချင်းရွှေဟော်မြို့နယ်သုံးမိုင်နားမှာ တိုက်နေတာ။ မနေ့က တည်းက ချုံခိုတိုကိုင်နေကြတာ။ခုတောင်သေနတ်သံတွေကြားနေရတယ် ””ဟု သုံးမိုင်တွင်ရောက်ရှိ နေသော ပြည်ထောင်စုနေ့စဉ်သတင်းထောက်က ယနေ့ညနေ ၃နာရီတွင် သတင်းပေး ပို့သည်။
ယမန်နေ့ကစစ်ဘေးရှောင်လာသော အရပ်သားနှစ်ဦးနှင့်တပ်မတော်သားငါးဦး အပစ်ခံရပြီး အရပ်သား တစ်ဦးသေဆုံးကာ ကျန်လူများမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ယမန်နေ့ကအဖြစ်အပျက်ကို၎င်းက ဆက်ပြောသည်။
“အခုက ယူနီဖောင်းတွေဝတ်ပြီးတိုက်တာမဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့တိုက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လောက်ကိုင်တွင် စစ်ဘေးရှောက်ဒုက္ခသည်များ တစ်သုတ်ပြီးတစ်သုတ်ပြန်ဆင်းလာနေပြီး ၁၅ယောက် တစ်စု၊ အယောက်၂၀တစ်စုစသည်ဖြင့်လည်းကောင်း၊ ကူညီစောင့်ရှောက်ရေးအဖွဲ့များဖြင့်လည်းကောင်း၊ ဆက်တိုက်ဆင်းလာကြောင်း လောက်ကိုင်ဒေသခံများကဆိုသည်။
“ယခုလ၁၁ရက်မှ ၁၇ရက်အထိကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း၅၀ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်လူ မှုရေးအသင်းအဖွဲ့များနှင့်လက်တွဲကာ မော်တော်ယာဉ်များဖြင့်လောက်ကိုင်မှ ကွမ်းလုံ၊ကွမ်းလုံမှလားရှိုးမြို့ အထိယာဉ်ခေါက်ရေပေါင်း၃၀၊ စစ်ပြေးရှောင်ဒုက္ခသည်၃၁၆၃ဦး စစ်ဘေးတိမ်းရှောင်စဉ်ယာဉ်တိမ်းမှောက် မှုဖြစ်စဉ်နှစ်ခုမှ အရေးပေါ်လူနာ ၅၅ဦး၊ သေဆုံးသူ ၇ဦးအား ကယ်ဆယ်စုဆောင်းပေးခဲ့ပါတယ် ”ဟု ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌကပြောသည်။
ပြည်ထောင်စုနေ့စဉ်မှဖော်ပြသည်။
No comments:
Post a Comment