အပြစ်လား ...?
-နိုင်/ကျဉ်းတွေ
လွှတ်ပေး
ပေးပြန်တော့လဲ
ကျန်သေးသတဲ့၊
အင်း…သမ္မတဖြစ်ရတာ
အပြစ်လား…?
-နိုင်ငံရေးရေချိန်ကိုကြည့်ပြီး
ပြောပြန်တော့
အခုတစ်မျိုး
တော်ကြာတစ်မျိုးတဲ့၊
အင်း..ပါတီခေါင်းဆောင်ဖြစ်ရတာ
အပြစ်လား…?
-Good
Government, Clean Government လုပ်ပြတော့
အထက်ကကောင်းပေမဲ့
အောက်ကမပြောင်းသေးတဲ့၊
အင်း..အစိုးရဖြစ်ရတာ
အပြစ်လား… ?
-ဥပဒေသစ်တွေ
မြန်မြန်နဲ့မှန်မှန်ပြဌာန်းပေးနေတာတောင်၊
မလိုအပ်ဘဲ
အချိန်တွေဖြုန်းနေသတဲ့
အင်း..လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရတာ
အပြစ်လား..?
-ဟိုခေါင်းဆောင်ပြောလဲ
ခေါင်းငြိမ့်၊
သည်ခေါင်းဆောင်ပြောလဲ
ဟုတ်နိုးနိုး၊
ဟိုလူသည်လူပြောသမျှ ဟုတ်ကဲ့
ပြန်မပြောနားမထောင်
နေတာတောင်
အင်း..ပြည်သူဖြစ်ရတာ
အပြစ်လား…?
ရွှေတူးလေး
No comments:
Post a Comment