Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Sunday, August 3, 2014
G20 အစည်းအဝေးကို မြန်မာက ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန် တက်ရောက်မည်
သြစတြေးလျနိုင်ငံ၌ ကျင်းပမည့် (၉)ကြိမ်မြောက် G20 (Group of Twenty) အစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပလျက် ရှိသည့် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များ တက်ရောက်မည့် အဆိုပါ အစည်းအဝေးပွဲသို့ မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုအခြေခံ အဆောက်အအုံ၊ လုပ်သားနှင့် အခွန်အကြောင်းအရာများကိုပါ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကြောင့် ဒီပွဲကို တက်ခွင့်ရတာပါ။ ယေဘုယျအားဖြင့် ကမ္ဘာ့စီးပွားရေးရော စစ်ရေးအင်အားပါ တောင့်တင်းတဲ့ နိုင်ငံကြီးတွေက ခေါင်းဆောင်တွေပဲ G20 ကို တက်ရောက်ခွင့်ရှိပြီး ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးကြတာ ဖြစ်တယ်” ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ (၉)ကြိမ်မြောက် ကျင်းပမည့် G20 အစည်းအဝေးကြီးအား သြစတြေးလျနိုင်ငံ Brisbance မြို့၌ လာမည့် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် နှစ်ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး အာဆီယံကိုယ်စားပြု အနေဖြင့် ပထမဆုံးအကြိမ် သမ္မတဦးသိန်းစိန် တက်ရောက်ခြင်း ဖြစ်သည်။ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ အစရှိသည့် နိုင်ငံကြီးများတွင် တစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ လာမည့် ၂၀၁၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် တူရကီနိုင်ငံက လက်ခံကျင်းပမည် ဖြစ်သည်။
Flowers News
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment