Thursday, August 6, 2015

တတိယရေကြီးကာလကို သတိထားရန် ဒေါက်တာထွန်းလွင် ပြောကြား

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ မုတ်သုံလေ ပြန်လည်ဆုတ်ခွာသည့် ကာလ (စက်တင်ဘာလနှင့် အောက်တိုဘာ လ)တို့တွင် ယခုထက် ဆိုးရွားသည့် တတိယအကြိမ် ရေကြီးမှုအန္တရာယ် ရှိနိုင်သဖြင့် သတိထားရန် လိုအပ် ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

အမေရိကန် မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ ယင်းကာလတွင် ရွာသွန်းမြဲထက် ၅၀ ရာခိုင်နှုန်း ပိုနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများမှာ သုံးကြိမ်မှ ငါးကြိမ်အထိ ဖြစ်ပေါ်တတ်သည့်အတွက် ရေကြီးရန် အလားအလာရှိကြောင်း ၎င်းက ပြောဆိုသည်။

“အဆိုးဆုံးကတော့ မုတ်သုံလေကလည်း အားကောင်းနေမယ်။ အရှေ့ဘက်က လေပွေလှိုင်း လာမယ်။ မုန်တိုင်းကလည်း ဖြစ်နေမယ်။ အဲဒီသုံးခု တိုက်ဆိုင်သွားမယ် ဆိုရင်တော့ အဆိုးရွားဆုံး ရေကြီးမှု ကြုံနိုင် တယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ် တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထား သည်။

The Voice

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ