၈၈ ကျောင်းသားခေါင်းဆောင် နိုင်ငံရေးသမား ဦးကိုကိုကြီးက သူ့အနေဖြင့် ပါတီထောင်ရန် ဆန္ဒရှိကြောင်း ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် စာရင်းမှာ မပါခဲ့တဲ့အချိန်ကစပြီး ဦးကိုကိုကြီးရဲ့ နောက်ခြေလှမ်း ဘာဖြစ်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေချိန်မှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲ(၂၀၁၅)ကို မရနိုင်လဲ နောက်ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်မှာပေါ့ဟု ဦးကိုကိုကြီးက ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင်က တွေ့ဆုံခဲ့တုန်းကလည်း သူ ပါတီထောင်တော့မှာ ဖြစ်တဲ့အကြောင်း ဦးကိုကိုကြီးက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ NLD ပါတီက သူ့ကို အမည်စာရင်းမှာ မထည့်တဲ့ကိစ္စ နဲ့ ပတ်သက်ပြီး NLD ပါတီလူကြီးတွေက မလိုလားလို့ ပယ်ချခဲ့တာလားဆိုတဲ့ မေးခွန်းကိုတော့ ကျနော် မိတ်ဆွေသူငယ်ချင်းတွေ NLD မှာရှိပါတယ်၊ သူတို့က အောက်ခြေကနေ အထက်အထိ ဘယ်လိုဆုံးဖြတ် ရွေးချယ်သွားတယ်ဆိုတာကို ကျနော်ကို ပြောပြပါတယ်။ ဘယ်သူက ကျနော်ကို နောက်ဆုံးမှာ ပယ်ချလိုက်တယ်ဆိုတာလဲ သိပါတယ်ဟု ပြောဆိုခဲ့ပါတယ်။
ဧရာဝတီ
No comments:
Post a Comment