Thursday, August 6, 2015

မူလတန်းဆရာအတတ်ပညာသင်တန်း ဒီဇင်ဘာတွင် ဖွင့်လှစ်သွားမည်

တတိယအကြိမ်မြောက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)ကို ပညာရေး ကောလိပ်များ၌ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။ 

အဆိုပါ PPTT သင်တန်းအတွက် အဆောင်နေသင်တန်းသား ၅,၀၀၀ နှင့် နေ့တက်သင်တန်းသား ၅,၀၀၀ ခေါ်ယူသင်ကြားသွားရန် စီစဉ်ထားကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ 

‘‘PPTT သင်တန်းကို မနှစ်ကသင်တန်းပြီးတဲ့အချိန် ဒီဇင်ဘာမှာ ခေါ်သွားဖို့ ရှိပါတယ်။ သင်တန်းတက်ဖို့ ဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့စစ်ဆေးပြီးတော့ ခေါ်ယူသွားမှာပါ။ ဒီသင်တန်းဝင်ခွင့်ကို ဘွဲ့ရပြီးသားပညာရေး ရုံးတို့၊အခြေခံပညာကျောင်းကဝန်ထမ်းတွေပါ ဝင်ဖြေလို့ရတယ်’’ဟု အဆိုပါအဆင့်မြင့်အရာရှိက ပြော သည်။ 

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲတွင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတကို သက်ဆိုင်ရာခရိုင်အလိုက် ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်ပါက လူတွေ့ဆက်လက်စစ်ဆေး၍ ရွေးချယ်သွားမည်ဖြစ်ကာ ဘွဲ့ရရှိပြီး သူများ လျှောက်ထားနိုင်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။ 

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT)ကို ပညာရေးကောလိပ် ၂၁ ခုတွင် ခြောက်လကြာ(စာတွေ့ လေးလနှင့် လက်တွေ့နှစ်လ)ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးပါက သက်ဆိုင်ရာမြို့နယ်များရှိ လစ်လပ်နေရာများ၌ မူလတန်းပြဆရာအဖြစ် ခန့်အပ်ထားရှိ မည်ဖြစ်သည်။ 

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)ကို ၂၀၁၄ တွင် ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၅,၀၀၀ ကျော် တက်ရောက်သင်ကြားခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၅ ဇွန်လတွင် မူလတန်းဆရာအတတ်ပညာသင်တန်းသား ၄,၃၀၀ ကို ခေါ်ယူခဲ့ပြီး ဆရာလိုအပ်ချက် ကြောင့် နေ့တက်သင်တန်းသား ၅,၀၀၀ ကို ထပ်မံခေါ်ယူ၍ သင်ကြားပေးခဲ့သည်

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ