Sunday, August 3, 2014

ဒေါ်စုနဲ့ NLD အမတ်များ ရွှေဥာဏ်တော် စူးရောက်ဟု ဦးလှဆွေပြောဆို



.ပြည်ထောင်စု လွှတ်တော်ထဲမှာ ပညာရေး ဥပဒေကြမ်းမဲခွဲကြတယ်ဗျာ အဲဒီမှာအရေးမပါတဲ့အကြောင်းအရာတခုကိုဒီ ချုပ်အမတ်တယောက်က ထဆွေးနွေးတယ်ဗျာ ဘာလဲဆိုတော့ "ကျောင်းဆရာ " ဆိုတဲ့စကားလုံးအစားပညာသင်ကြားပိုချသူလို့သုံးသင့်ကြောင်း သို့ မှသာအားလုံးအကြုံးဝင်မည်ဖြစ်ကြောင်း ဆရာဟုသုံးပါက ဆရာမများကျန်ခဲ့မည်ဖြစ်ကြောင်း ထပြောပြီး ကန့်ကွက်သဗျ ။ ဒါနဲ့ ကြံ့ခိုင်ရေးက မြန်မာစာပါမောက္ခအငြိမ်းစား အန်တီကြီးက ကျောင်း ဆရာဆိုတာ ဆရာရော ဆရာမရောအကြုံးဝင်ပြီးဖြစ်ကြောင်း ဥပမာ ဝန်ကြီး ဟုသုံးနှုံးလိုက်ရင် အမျိုးသမီးဝန်ကြီးကို "ဝန်ကြီးမ" ဟုသုံးစရာမလိုကြောင်း မူလအဆိုစာသားအတိုင်းထောက်ခံဆွေးနွေးပါတယ် ဒီလိုနဲ့ မဲခွဲကြပါလေရော ကန့်ကွက်တဲ့သူမတ်တပ်ရပ်ဆိုတော့ ဒီချုပ်ကလူတွေ ပထမ ၄ - ၅ ယောက်လောက်မတ်တပ်ရပ်နေရာကနေ ခေါင်းဆောင်ကြီးပါ ထပါလေရောဒါနဲ့ ကျန်ဒီချုပ်များလဲ အောင့်သက်သက်နဲ့ ထကြတာတွေ့ရတယ် မြတ်ဥာဏစိုးတို့တော့မပါဘူးဗျ မဲအရေအတွက်အရ ကျောင်းဆရာဆိုတာ အတည်ဖြစ်ပြီး "ပညာသင်ကြားပို့ချသူ" ဆိုတာကြီးက အပယ်ခံလိုက်ရသဗျ ကျနော်စဉ်းစားမိတာက ဘယ်လိုရွှေဥဏ်တော်စူးရောက်ပြီး ဒီလိုတွေးမိတာလဲ ဆိုတာကိုပါ ဒီလိုသာပြောကြစတမ်း ဆိုရင် ဆိုက်ကားဆရာကို ဆိုက်ကားဆရာ လို့ မခေါ်ဘဲ ဘေးတွဲ ပါတဲ့ စက်ဘီးကို ခြေထောက်ကြီးနဲ့ နင်းသူ လို့ ခေါ်ရတော့မှာပေါ့ ဒါဆို နိုင်ငံတော်သမ္မတ က အမျိုးသမီးဖြစ်ခဲ့ရင် ရော ဘယ်လိုခေါ်မလဲအထီးနဲ့အမခွဲပြောဆရာလိုမလိုပေါ့ဗျာ မုန့်ဆီကျော်က ဘယ်မှာနေလဲ မသိ ။ နူတ်ခမ်းနာနဲ့တဲ့ပါ့မလားဆိုတာလို ဖြစ်မနေဘူလားဗျာ တသက်လုံးကသုးံ လာတဲ့ကျောင်းဆရာ ဆိုလူတိုင်းသိနေပြီးသားကြီးကို အထီး အမ မပါလို့ ဝေခွဲမရဖြစ်နိုင်မဖြစ်နိုင် တွေးမိပုံကတော့ ။ ကျနော်ကတော့မတွေးမိလို့မျှဝေလိုက်ပါ..  

U Hla Swe

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ