Sunday, August 3, 2014

ဝင်ကြေးမြင့်ပြီး မိုးသည်းနေသည့်ကြားမှ 2NE1 အောင်ပွဲခံ

 
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အနုပညာဖျော်ဖြေပွဲများတွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော 2NE1 အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်(ဓာတ်ပုံ − အေးဇော်မိုး(စက်မှု))
မြန်မာနိုင်ငံတွင် ဝင် ကြေးအမြင့်ဆုံး နိုင်ငံတကာဖျော် ဖြေပွဲအဖြစ် ကိုရီးယားကေပေါ့ပ် (K-Pop) အဖွဲ့ 2NE1 ၏ ဖျော် ဖြေပွဲကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ရာ ပရိသတ်များ ပွဲကျင်းပသည့် ခန်းမပြည့်လုနီးပါး လာရောက် အားပေးခဲ့ကြသည်။
ဝင်ကြေးဈေးနှုန်းမြင့်မား သော်လည်း မြန်မာ K-Pop ပရိ သတ်များ၏ အားပေးမှုသည် မိုး များမပြတ်ရွာသွန်းနေသည့်အချိန် ၌ပင် ပွဲကျင်းပသည့် Myanmar Event Park (M.E.P) ခန်းမပြည့် လုနီးပါး လာရောက်အားပေးခဲ့ကြ သည်။
ယင်းဖျော်ဖြေပွဲကို ဝင်ကြေး အနိမ့်ဆုံး ငွေကျပ် နှစ်သောင်းခွဲ မှ ကိုးသိန်းကျပ်အထိ အဆင့်များ သတ်မှတ်၍ ရောင်းချခဲ့သည်။
‘‘နှစ်သောင်းခွဲတန်းက လူ တွေဆိုရင် မနက် ၁၀ နာရီလောက်ကတည်းက လာပြီးတန်းစီနေကြ တာ’’ဟု ပွဲသို့ လာရောက်ကြည့်ရှု သူတစ်ဦးက ပြောသည်။
M.E.P ဝင်းအပြည့် လာ ရောက်အားပေးသော ပရိသတ် များကို ညနေ ၅ နာရီတွင် စတင် ဝင်ရောက်ရန် သတ်မှတ်ထားခဲ့ သော်လည်း ၆ နာရီကျော်မှသာ ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် အဆက်မပြတ်ရွာနေသည့် မိုးရေ ထဲ၌ ထီးများဆောင်း၍ နှစ်နာရီခန့် တန်းစီစောင့်ဆိုင်းခဲ့ရသည်။
ဖျော်ဖြေပွဲကို ည၇ နာရီကျော် တွင် စတင်ခဲ့ပြီး 2NE1 သည် ပရော်ဖက်ရှင်နယ်အဖွဲ့တစ်ဖွဲ့ ပီသစွာ သီချင်းများကို ၎င်းတို့၏ ဖျော်ဖြေနေကျပုံစံအတိုင်း မာန်ပါပါဖြင့် ဖျော်ဖြေခဲ့သောကြောင့် မြန်မာ K-Pop ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။
ဖျော်ဖြေရာတွင် 2NE1 ၏ နိုင်ငံတကာတွင် အောင်မြင်မှုရရှိ သော သီချင်းများဖြစ်သည့် I Don't Care, Fire, I am The Best အပါအဝင် စုစုပေါင်း သီ ချင်း ၁၀ ပုဒ်ကျော် သီဆိုပြီးချိန် ၌ ပရိသတ်များကို နှုတ်ဆက်ခဲ့ သော်လည်း ပရိသတ်များ၏ တောင်းဆိုမှုကြောင့် နောက်ထပ် သီချင်းသုံးပုဒ် ထပ်မံဖျော်ဖြေပေး ခဲ့သည်။
လွန်ခဲ့သည့်ငါးနှစ်ခန့်က ၎င်းတို့အောင်မြင်ကျော်ကြားခဲ့သော I Don't Care သီချင်းကို ယခင် ပုံစံနှင့်မတူဘဲ ရော့ခ်ဆန်ဆန် သီ ဆိုဖျော်ဖြေမှုနှင့် I am The Best သီချင်းကို ဆိုင်ကယ်စီးသည့် ဟန် ပါဖောမန့်ဖြင့် ဖျော်ဖြေမှုမှာလည်း ပရိသတ်များအတွက် ထူးခြား သည့်ခံစားမှုများ ပေးနိုင်ခဲ့သည်။
မကြာခင်က ထွက်ရှိထား သော Come Back Home သီချင်းနှင့် Gotta Be You သီ ချင်းများကို မြန်မာပရိသတ်များ အား ဖျော်ဖြေသီဆိုခဲ့ပြီး နောက်ဆုံးဖျော်ဖြေမှုအစီအစဉ်တွင် အဖွဲ့ခေါင်းဆောင် CL က အားပေးနေ သည့် ပရိသတ်များကို ဖုန်းဖြင့် မှတ်တမ်းတင်ခဲ့ရာ ပရိသတ်များ၏ အားပေးသံများ ဆူညံနေခဲ့ သည်။
ဖျော်ဖြေပွဲသို့ အနုပညာ လောကမှ နာမည်ကြီး သရုပ် ဆောင်၊ အဆိုတော်များလည်း လာရောက်အားပေးခဲ့ကြသည်။
‘‘မီးတွေသုံးထားတာတော့ မိုက်ပါတယ်။ ဒါပေမဲ့ စင်က နိမ့်နေတော့ ဖျော်ဖြေတဲ့သူတွေကို သေ သေချာချာ မမြင်ရဘူး’’ဟု ကျပ် လေးသောင်းတန် Gold Standing တွင် လာရောက်ကြည့်ရှုသူတစ် ဦးက သုံးသပ်သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ