Friday, August 8, 2014

အင်ဒိုရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဟု သမ္မတဦးသိန်းစိန်ပြော


နေပြည်တော်- အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲသည် လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က တရားဝင်ပြောကြားလိုက်သည်။
(၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲတွင် သမ္မတဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားရာ၌ အင်ဒိုနီးရှားရွေးကောက်ပွဲနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘မိမိတို့အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လွတ်လပ်မျှတတဲ့ သမ္မတရွေးကောက်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်’’ ဟု ၎င်းကဆိုသည်။
ကမ္ဘာ့တတိယဒီမိုကရေစီအင်အားအကြီးဆုံးနိုင်ငံဟု သတ်မှတ်ခံထားရသည့် အင်ဒိုနီးရှား နိုင်ငံတွင် ဇူလိုင်လအတွင်း သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အာဏာရှင်စနစ်ကို အဆုံးသတ်၍ အရပ်သားစစ်စစ်ဖြစ်သော ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒိုကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
လက်ရှိတွင် သမ္မတရွေး ကောက်ပွဲရလဒ်အတွက် ရှုံးနိမ့်သူ သမ္မတလောင်း မစ္စတာပရာဘိုဒို က ရွေးကောက်ပွဲကော်မရှင်ကို မဲ မသမာမှုများ ရှိသည်ဟု စွပ်စွဲ ပြောကြားထားပြီး မဲရလဒ်များ ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ကော်မရှင်က ဂျိုကိုဝီဒိုဒိုကို အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။
အာဆီယံဥက္ကဋ္ဌဖြစ်သူ သမ္မတဦးသိန်းစိန်၏ အဖွင့်မိန့်ခွန်းတွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားသွားခြင်း မရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံတစ်ခုလုံးနှင့်သာမက တစ်နိုင်ငံချင်းနှင့်ပါ ထိတွေ့ဆက်ဆံ သွားမည်ဟု ပြောကြားသွားခဲ့သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ