Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, August 5, 2014
ဟင်္သာတမြို့တွင် ခရိုင်ပညာရေးဌာနကို ဆန္ဒဖော်ထုတ်
ဟင်္သာတ၊ သြဂုတ် ၅။
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် တံတားဦး အုပ်စု အပါအဝင် ကျေးရွာ (၁၅) ရွာမှ ကျောင်းသား မိဘနှင့် ကျောင်းကော်မတီဝင်များ စုပေါင်းကာ သြဂုတ်လ ၅ ရက်နေ့တွင် ဟင်္သာတမြို့ပေါ်၌ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။
"ပညာရေးနှင့် ပြည်သူလူထုအပေါ် အလေးထား ဆောင်ရွက်ပေးခြင်းမရှိသော ခရိုင်ပညာရေးမှူးအလိုမရှိ"၊ “ စည်းကမ်းပျက်ဆရာ/ဆရာမများ အလိုမရှိ ”၊ “ငွေကြေးတောင်းခံသော လက်ထောက်ပညာရေးမှူးအား အရေးယူပေးရေး ”၊ “ဆောက်လုပ်ပြီးစီးမှုမရှိသေးသော မူလတန်းကျောင်းဆောင်အား အပြီးသတ်ဆောင်ရွက်ပေးရေး” “ဆရာ/ဆရာမများ နေရာလစ်လပ်မှု မရှိစေရေး” အစရှိသည့် တောင်းဆိုချက်(၅)ချက်ပါ သော ဗွီနိုင်းများကို ကိုင်ဆောင်ကာ အသံတိတ်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သိရသည်။
တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုမိန့် အမှတ်စဉ် ၅/၂၀၁၄ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လူအင်အား ၁၅၀ ခန့်ရှိပြီး ပညာရေးတိုးတက်မြင့်မားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အခုလိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ ဒေသခံတဦးက ပြောသည်။
ခွင့်ပြုချက်ပါ အစီအစဉ်အတိုင်း စည်းကမ်းတကျဆောင်ရွက်ခဲ့ပြီး နံနက် (၁၀း၄၇) နာရီတွင် ဆန္ဒထုတ်ဖော်ခြင်း အစီအစဉ်ပြီးဆုံးခဲ့ကြောင်း သိရသည်။
Hinthata HumanRights
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment