Monday, August 4, 2014

ကမ္ဘာ့ အထင်ကရထဲ က နေရာတစ်နေရာ



ကမ္ဘာ့ အထင်ကရထဲ က နေရာတစ်နေရာကို ရောက်ဖူးတယ်ဆိုတာ အတော်ဂုဏ်ယူစရာပါ။ မြန်မာလူမျိုးတွေ အနေနဲ့က တော့ ရွှေတိဂုံရယ် ၊ ပုဂံမြေရယ် ရှိနေသ၍ နိုင်ငံကူးလက်မှတ်မလို ဗီဇာမလိုပဲ ကမ္ဘာ့ အထင်ကရ နေရာကို ရောက်ဖူးနေမှာပြီး မြန်မာ့မြေပေါ်မှာ တည်ရှိနေတဲ့ အတွက်လည်း ဂုဏ်ယူစရာကောင်းပြီး ထိန်းသိမ်းတန်ဖိုးထားသင့်ပါတယ်။ 
ထို့အတူ တိုးဒီက ကျော်ကြားတဲ့ နေရာတစ်ရာကို မိတ်ဆက်ပေးချင် တာကတော့ အော်ပရာဟောက်စ်ပါ။ သြစတေးလျလို့ ကြားလိုက်တာနဲ့ ဆစ်ဒနီမြို့ ရဲ့ အထင်ကရ အော်ပရာဟောက်စ် အော်ပရာဇာတ်ရုံ ကို ပြေးမြင်မိကြမှာပါ။ မြန်မာများထဲမှ ကြားဖူးတဲ့သူ ရောက်ဖူးတဲ့ သူတွေ အများအပြားရှိကြမှာပါ။ တကယ်တော့ ရောက်ဖူးတဲ့ မြန်မာတစ်ယောက်အနေနဲ့ ဂုဏ်ယူစရာကောင်းလောက်တဲ့ လည်လာလည်ပတ်မှုပါပဲ။
ကမ္ဘာမှာ ကပွဲအများဆုံး (တစ်နှစ်ကို ၁၅၀၀ ခန့်) ကပြဖျော်ဖြေနေတဲ့ အနုပညာ ပြဇာတ်ရုံကြီးပါပဲ။ Concert Hall, Joan Sutherland Theatre, Drama Theatre, Playhouse, The studio, Utzon Room ဆိုပြီး အခန်းတွေ ရှိပြီး စုစုပေါင်း ထိုင်ခုံ 5700 ကျော် ရှိတဲ့ အကြီး ဆုံး ပြဇာတ်ရုံကြီး ဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ကျောင်းကပွဲများ၊ ဇာတ်တော်များ ကပြဖျော်ဖြေပွဲများ၊ နဲ့ တစ်နှစ်ပတ်လုံး ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာ လာရောက် အပန်းဖြေလေ့လာပြီး စည်ကားနေတဲ့ နေရာဖြစ်ပါတယ်။ 
အဆောက်အဦးရဲ့ ဒီဇိုင်းကိုတော့ နိုင်ငံတကာ ဗိသုကာပညာရှင်တွေကို ပြိုင်ပွဲဝင် ဖိတ်ခေါ်ပြီး နိုင်ငံတကာ ဒီဇိုင်းများထဲမှ Jørn Utzon ရဲ့ ဒီဇိုင်းကို ရွေးခြယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းကာလအတွင်း အမျိုးမျိုးသော အခက်အခဲများကို ဖြတ်သန်းပြီး 15နှစ် ကြာမှ ဆောက်လုပ်ပြီးစီး ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 
အံ့သြစရာကောင်းလောက်အောင်ပဲ ခန့်ငြား လှပပါတယ်။ ခေါ်မိုးကို နေပူ မိုးရွာခဲ့ ကျော်ပြားတွေ ကပ်ထားတဲ့အတွက် လူက သန့်ရှင်းပေးစရာ မလိုပဲ သဘာဝက သန့်ရှင်းပေးထားပါတယ်။ အဝေးက ကြည့် ကြည့် အနီးကကြည့်ကြည့် ပြိုးပြုးပျက်ပျက်နဲ့ တောက်ပလှပပါတယ်။ သံချောင်းတွေ ရွှေရောင်မှန်တွေ နဲ့ မှန်အကြည်ပြားတွေကို အကွက်ကျအောင် ပုံဖော်ထားတဲ့ အတွက် သဘာဝအလင်းရောင်ကို ခံစားရစေပါတယ်။ တီဗွီ ထိုင်ကြည့်နေသလားလို့ အထင်မှားရလောက်အောင် ပြတင်းပေါက် အကျယ်ကြီး နဲ့အပြင်က လူတွေ၊ ကားတွေ ကို ထိုင်ကြည့်လို့ရတဲ့ နေရာကတော့ အကြိုက်ဆုံး နေရာပါပဲ။ လူ့သဘာဝ ဇာတ်ကောင်တွေကို တိုက်ရိုက်ကြည့်ရှု့နေရသလို ခံစားရပါတယ်။ (ချမ်းသာလို့ အိမ်ဆောက်ဖြစ်ခဲ့ရင် ဤဒီဇိုင်း ဒီပြတင်းပေါက်လေးလုပ်မယ် လို့ စိတ်ကူးယဉ်ရလောက် အောင် လှပပါတယ်)။ အောက်ပရာဟောက်စ်ဆီသို့ သွားရာ လမ်းတစ်လျောက်မှာလည်း စားသောက်ဆိုင်များ၊ ကော်ဖီ ဆိုင်များ၊ အလွတ်အနုပညာရှင်များရဲ့ ဖျော်ဖြေမှုများနဲ့ စည်ကားပြီး စိတ်အပန်းကို ပြေစေနိုင်ပါတယ်။ အာရှယဉ်ကျေးမှုဗိသုကာနဲ့ ဆက်စပ်ရရင်တော့ ဂျပန်၊ ကိုရီးယား ၊ မြန်မာ ဘုရားကျောင်း၊ ဘုရားပွဲ သွားသလိုပါပဲ။ ဈေးတန်းတွေ ဖြတ်ပြီး လှေကားထစ်တွေ တက်ပြီး မှ အထင်ကရ နေရာကို ရောက်ရှိပါတယ်။ 
ပြင်ပဒီဇိုင်းကို ကြည့်ပြီး ငါးမန်းတောင်ပန်၊ ခရုံပုံ စသည်ဖြင့် အမျိုးမျိုး ထင်မှတ်ကြပါတယ်။ တကယ် ဗိသုကာ ဆရာက ဘယ်လို စိတ်ကူးပြီး အော်ပရာဟောက်စ်က ဘာပုံစံ ကို ဆောက်ထားတာလဲ သိချင်ရင် တော့ Google သို့မဟုတ် တိုးဒီကို ပဲ ဆက်သွယ်လိုက်ပါလို့……
တိုးဒီ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ