Monday, August 4, 2014

အချိုးကျကိုယ်စားပြုစနစ် အောင်မြင်မည်ဟု ပြည်ခိုင်ဖြိုးအမတ် ဦးလှဆွေပြောကြား



ပြည်သူ့လွှတ်တော်တွင် ဆွေး နွေးလျက်ရှိသည့် အချိုးကျကိုယ်စား ပြုစနစ် (PR) မြန်မာနိုင်ငံတွင် ကျင့် သုံးမည်ဆိုပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားလိုက်သည်။

“အခုသုံးနေတဲ့ FPTP စနစ်ဆိုတာ မြင်းပွဲလိုပဲ နှာတစ်ဖျားသာတာနဲ့ ကျန်တဲ့မြင်းတွေက ဘာဆုမှ မရတော့ဘူး။ အဲဒီတော့ မျှတမှုမရှိဘူး လေ။ ဒါပေမဲ့ အခုဆိုရင် PR စနစ်သာ အကောင်အထည်ပေါ်မယ်ဆို ရင် ဒီလိုပြဿနာတွေ မရှိတော့ဘူး။ အဓိကက တိုင်းရင်းသားတွေနဲ့လည်း အဆင်ပြေနိုင်မယ့် PR စနစ်ကိုပြန်ပြီး ရေးဆွဲရမှာပေါ့”ဟု မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ် စားလှယ်ဦးလှဆွေက ဆိုသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် PR အမျိုးအစား ၄ မျိုးကို ပီအာစ နစ်ကျင့်သုံးရေး လေ့လာမည့်ကော်မရှင်က အဆိုပြုထားပြီး တိုင်းရင်းသားများနှင့် အဆင်ပြေနိုင်သည့် ပုံစံမျိုး ဖြစ်သင့်သည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ ရွေးကောက် ပွဲများတွင် မဲအများဆုံးရသော ကိုယ် စားလှယ်က အနိုင်ရသော First Pass The Post (FPTP) စနစ်အားစ ကျင့်သုံးနေပြီး ယခုအခါ အချိုးကျ ကိုယ်စားပြုမှုစနစ် Proportional Representation (PR) စနစ်အား ကျင့်သုံးရန် အငြင်းပွားနေခြင်းဖြစ်သည်။
ပီအာရ်စနစ်ကို ဇွန်လ ၁၁ ရက် နေ့က အမျိုးသွားလွှတ်တော်တွင် အတည်ပြုလိုက်ပြီး ယခု ပြည်သူ့လွှတ်တော်တွင် အဆိုပါစနစ်အား ကျင့်သုံးရန် လေ့လာသုံးသပ်သည့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

myanmar express

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ