Pages
▼
Wednesday, June 25, 2014
မိုးကုတ်တွင် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည်
မိုးကုတ်မြို့၏ စီးပွား ရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေရန် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် မိုးကုတ် မြို့၌ ကျောက်ရှားပါးမှု စတင်ကြုံ တွေ့နေရပြီး မကြာမီအနာဂတ် ကာလတွင် ယခုအချိန်ထက် ရတနာရှားပါးမှုများ ပိုမိုဖြစ်ပွား လာနိုင်သဖြင့် သယံဇာတတစ်ခု တည်းအပေါ်တွင်သာ မှီခိုနေ သည့်မြို့အဖြစ်မှ စီးပွားရေးလုပ် ငန်းများအပေါ် မှီခိုသည့်မြို့ဖြစ် လာစေရန် သဘာဝခရီးသွားလုပ် ငန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မိုးကုတ်မြို့ အခြေစိုက် စိမ်းလန်းမိုးကုတ် သဘာဝပတ်ဝန်းကျင်အဖွဲ့မှ တာဝန်ရှိသူ မပွင့်ဖြူက ပြော သည်။
‘‘ကိုယ့်တူတွေ၊ သားတွေ လက်ထက်မှာ ရတနာတွေကို ပြဖို့အခွင့်မှရှိပါတော့မလားဆို တာ ဘယ်သူမှမပြောနိုင်ဘူး။ မိုးကုတ်မြို့ဟာ ကျောက်မျက် ရတနာတွေအပေါ်မှာပဲ မှီခိုနေရ တဲ့မြို့မဖြစ်သင့်တော့ဘူး။ ကျောက်မျက်ရတနာတစ်ခုတည်းပေါ် မှာပဲ မှီခိုနေရတာဟာ အနာဂတ် မဲ့ပါတယ်’’ဟု မပွင့်ဖြူက ဇွန်လ ၂၂ ရက်က မိုးကုတ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ် သက်ပြီး ကျင်းပသည့်ပွဲ၌ ထည့် သွင်းပြောသည်။
မိုးကုတ်မြို့သည် တောင်များ ပတ်လည်ဝန်းရံနေသည့်မြို့ဖြစ် ပြီးစိုက်ပျိုးရေးလုပ်ကိုင်ရန် မြေ လွတ်နည်းပါးသဖြင့် မြို့၏အနာ ဂတ်စီးပွားရေးအတွက် သဘာဝ ပတ်ဝန်းကျင်အခြေခံသည့် ခရီး သွားလုပ်ငန်းတစ်မျိုးတည်းကို သာ အဓိကအကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟု ဆို သည်။
မိုးကုတ်မြို့ရှိ ကျောက်တွင်း များ၊ ကျောက်လုပ်ငန်းများအပြင် မိုးကုတ်အင်း၊ ဗြိတိသျှစစ်သင်္ချိုင်း ရှိသည့် ဘားနဒ်ဒေသများမှာ ပြည်ပခရီးသွားဧည့်သည်များ အပြင် ပြည်တွင်းဧည့်သည်များကို ပါ ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယခင်က မိုးကုတ်ဒေသသို့ ပြည် တွင်းဧည့်သည်များလာရောက် လည်ပတ်မှုနည်းပါးသော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်တွင်း လေ့လာရေးအဖွဲ့များ၊ ခရီးသွားအဖွဲ့များ လာရောက်မှု မြင့်တက်လာကြောင်း မိုးကုတ်မြို့ ခံ ကိုစိုးမင်းလှိုင်က ပြောသည်။
မိုးကုတ်မြို့တွင် ခရီးသွား လုပ်ငန်းကိုသာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ဒေသ၏ စီးပွားရေးပြန်လည်တိုး တက်လာမည့်အပြင် ဒေသခံများ အတွက် အလုပ်အကိုင်လိုအပ် ချက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ် သည်။ သို့သော် ယင်းလုပ်ငန်း ကို အမှန်တကယ်ဖော်ထုတ်နိုင် ရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရမည်ဟု စိမ်းလန်း မိုးကုတ်သဘာဝပတ်ဝန်းကျင် အဖွဲ့က ထုတ်ပြန်ထားသည်။
7Day Daily

No comments:
Post a Comment