Pages

Wednesday, June 25, 2014

သမုဒယ

သမုဒယ


“ယုံခဲ့ပြီကိုး
နမ်းဖန်များတော့
သနပ်ခါးပြယ်ပြီးမို့
ထားချင်ထားခဲ့လေ” တဲ့
ဆရာငြိမ်းကျော် ကဗျာ
ဖွဖွငြင်ငြင်ရွတ်ကြည့်
ငါ့မျက်ရည် တွေတွေကျမိတယ်၊
......ဒါပေမယ့်လေ အးတုံ့အားနာ
တိုးတိုးကလေး တောင်းပန်
တထိတ်ထိတ်နဲ့ ရင်ဗြောင်းဆန်အောင်
တိတ်တိတ်ကလေး အသနားခံချင်တောင်
နံ့သာမရှိတဲ့ ပါးပြင်မို့
နမ်းရုံမျှ နမ်းခဲ့တာကွယ်
ကျေးဇူးတော် အနန္တရယ်နဲ့
တစ်သက်စာ အယုအယပေမဲ့လို့
သမုဒယတွေနဲ့မို့
အခုဘ၀မှာတော့
သခင့်ကျေးဇူး 
သိလျှက်နှင့် အဆပ်ထူးသည်
ဝိဘက်ကြမ္မာငင်သည်သာ။
                                 ရွှေမိုးညို

No comments:

Post a Comment