Sunday, August 10, 2014

တော်ဝင်နှင်းဆီမှာ ပြတဲ့ The Open Sky အကြောင်း



အဲဒီကား မလေးမှာ တရားဝင်ပြရင် အဲဒီကမြန်မာတွေပိုအန္တရာယ်ရှိတယ် ဒီနေ့ နေ့လည် ၁ နာရီက တော်ဝင်နှင်းဆီမှာ The Open Sky ပြသွားပါတယ်။ ဒါပေမယ့် လူနည်းနည်းလေးဘဲ ကွက်ပြီး ဖိတ်ကြားသွားတယ်လို့သိရပါတယ်။ အဓိက က မီဒီယာတွေကို ပြချင်တာဖြစ်ပါလိမ့်မယ်။ မီဒီယာတွေတော်တော်များများကတော့ အဲဒီကားပြပြီးတာနဲ့ထပြန်သွားကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် ပုံနှိပ်မီဒီယာတွေ(ဂျာနယ်)ပြန်သွားတယ်။ ပြည်တွင်း ဧရာဝတီဂျာနယ်(တေဇပိုင်) နဲ့ ပေါ်ပြူလာ ဂျာနယ် အစောကြီးပြန်သွားတယ်။ ကမာရွတ်မီဒီယာ၊ ဧရာဝတီ မီဒီယာ(ပြည်ပအခြေစိုက်)၊DVB တို့ကျန်ခဲ့တယ်။ ဖိတ်ကြားခံရသူတွေအားလုံး နာရီပိုင်းသာကြိုသိကြပြီး The Open Sky ပြမယ်လို့မပြောထားဘူး၊ တချို့ကတော့ တစ်ရက်ကြိုသိတယ်လို့ကြားတယ်။

ဒါပေမယ့် The Open Sky ပြမှာတော့ မသိကြပါဘူး။ စင်မြင့်ပေါ်မှာ စကားဝိုင်းပါတာကိုလည်း
ကြိုမသိကြဘူးလို့ဆိုပါတယ်။ ဗုဒ္ဓဘာသာဆရာတော်တစ်ပါး၊အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ယောက်၊ ဗုဒ္ဓဘာသာခေါင်းဆောင် တစ်ယောက်၊ ၈၈ က မြအေး နဲ့ နေဘုန်းလတ်တို့ ဆွေးနွေးကြတယ်။ ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးထဲက လွဲပြီး ကျန် ၄ ယောက်က ဒီကားကို ယခုအချိန်မှာပြသသင့်တယ်လို့ ပြောကြတယ်၊ မွန်မွန်မြတ် နဲ့ မင်းထင်ကိုကိုကြီး၊ ပဲ့တင်သံဂျာနယ်က မျိုးမြင့်ငြိမ်း၊ မသီတာ(စမ်းချောင်း)တို့က သူတို့ပိုင်တဲ့ သူတွေကို စင်ပေါ်တင်ပြီး ပြောခိုင်းတာ။

ဆရာတော်တစ်ပါးထဲ ဒီအချိန်မျိုးမှာ မပြသသင့်သေးဘူးလို့ မှတ်ချက်ချတယ်။ ပြီးတော့ဆရာတော်က Documentary ဆိုတာ သတင်းအချက်အလက်မှန်ကန်ပြည့်စုံရမယ် လို့ပြောတယ်။ သံဃာတော်ဦးသောဘိတ ကို ဘာသာခြားတွေက ရက်စက်စွာ သတ်ဖြတ်လိုက်လို့ မြို့ခံလူထုက Emotion နဲ့တုန့်ပြန်ရာကနေ မိတ္ထီလာမြို့မှာနေသူအားလုံး ထိခိုက်ကြရတာဖြစ်လို့ အဓိက အကြောင်းရင်းဖြစ်တဲ့ ဦးသောဘိတ အသတ်ခံရတဲ့အကြောင်း(ကျန်ခဲ့တာဖြစ်စေ၊တမင်မထဲ့တာ ဖြစ်စေ)မပါတာတော့ မဖြစ်သင့်ဘူးလို့ပြောသွားတယ်။ စင်ပေါ်ဆွေးနွေးမှုပြီးတော့ တက်ရောက်လာသူတွေထဲကအချို့ကို သဘောထားမေးရာမှာ ဟိန္ဒူ ဘာသာဝင်တစ်ဦးက အဲဒီ မိတ္ထီလာပဋိပက္ခမှာ ထိခိုက်ဒုက္ခရောက်ကြတာ ဗုဒ္ဓဘာသာဝင် နဲ့ အစ္စလာမ်ဘာသာဝင် နှစ်မျိုးထဲမဟုတ်ဘဲ ခရစ်ယန်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်တဲ့အတွက် ရိုက်ကူးတင်ပြရာမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြောင်းသာမတင်ပြဘဲ ကျန်ဘာသာဝင်တွေရဲ့ခံစားမှုတွေကိုပါ တင်ပြသင့်တယ်လို့ဆွေးနွေးသွားပါတယ်။

၁၉၈၈ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ခေါင်းဆောင် ကိုမြတ်စံ ကတော့ ဒီကားကို ခုလိုကာလမျိုးမှာအများပြည်သူကို မပြသသင့်ဘူး၊ ပြသမှုကို တားဆီးကန့်ကွက်သူတွေက ခုလိုပဋိပက္ခတွေ ဒီကားကြောင့် ထပ်မံဖြစ်ပွါးမှာကို မလိုလား ကြလို့ပါ လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ မူလက ဝဇီယာရုံမှာပြသဖို့ လုပ်ထားတဲ့ မူရင်းကားကိုအနည်းငယ်ပြုပြင် ထားခြင်းပါဘဲ၊ အချို့အခန်းတွေဖြုတ်ထားပြီး အချို့အခန်းတွေက အသစ်ထပ်မံတည်းဖြတ်ထားတာ လို့ အဲဒီကားကို ရိုက်တဲ့ လူငယ်ဒါရိုက်တာ ၃ ဦးဆီကနေ သိရပါတယ်။

စက်တင်ဘာလထဲမှာ ကြယ်ရီလင်းဆစ် တို့အဖွဲ့ မလေးရှားနိုင်ငံကို သွားရောက်ကြမှာဖြစ်ပါတယ်။ အဲဒီမှာ ဒီကားကို တရားဝင်ပြသနိုင်အောင် ခုလို မင်းထင်ကိုကိုကြီး နဲ့ မွန်မွန်မြတ်တို့က အားစမ်းကြည့် တာဖြစ်
တယ်လို့ ပြည်တွင်းမီဒီယာတွေက မှတ်ချက်ပြုကြပါတယ်။ ရိုးသားမှုမရှိတဲ့ တစ်ချက်ကတော့ အဲဒီကားကိုပြသတဲ့အချိန်မှာ မီဒီယာသမားတွေကို ကင်မရာကိုင်ခွင့်၊ ရိုက်ကူးခွင့်၊ကင်မရာထောင်
ထားခွင့်တွေပါမပြုခဲ့ခြင်းဖြစ်ပါတယ်။

myanmar express

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ