Sunday, August 10, 2014

Nld ပါတီအတွက် စည်းရုံးအလှူခံပြီးအပြန် မူးယစ်သောက်စားကာ အော်ဟစ်သီချင်းဆိုလာသည့် ပန်းရဲ့လမ်းအဖွဲ့ ရပ်နေတဲ့ ကုန်ကားကို ဝင်တိုက်ခဲ့


လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ဟာ မနေ့ညက ရန်ကုန်မြို့တွင်းမှာ ရပ်နေတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဝင်တိုက်မိ တဲ့အတွက် အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးကိုရောက်ရှိနေကြောင်း သတင်းရရှိပါတယ်။ အလှူခံပြီးအပြန် သီချင်းအော်ဟစ်ဆို ပြန်လာကြတာဖြစ်ပြီး အရက်မူးနေသည်ဟု ယူဆရကြောင်း မျက်မြင်များက ဆိုပါတယ်။
ရေဘေးဒုက္ခသည်တွေ အများပြည်သူတို့ ကူညီပြီး ၂ ရက်အကြာမှာ NLD အနေနဲ့လည်း ကူညီနိုင်ရေးအတွက် မြို့တွင်းလှည့်လည်အလှူခံတာ ဖြစ်ကြောင်း သိရပါတယ်။ မူးယစ်အော်ဟစ်ပြီး ကားနဲ့အပြန်၊ ရန်ကုန်မြို့ဝါးတန်းလမ်းထိပ် အရောက်မှာ လွယ်ဟိန်းကုမ္ပဏီက ကုန်ကားကြီးတစ်စီးက တိုက်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မျက်မြင်တစ်ဦးက အခုလိုပြောပါတယ်။
“ကားတိုက်တယ် အသံကြားလို့ ထွက်ကြည့်တာ.. တိုက်တာက - နောက်က ကားက ရှေ့ကကားကို ဝင်စောင့်တာ.. နောက်ကားက မူးနေတယ်လို့ပြောတယ်.. ကားမှာ ဗိုလ်ချုပ်အောင်ဆန်းပုံလည်း ချိတ်ထားတယ်… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံလည်းပါတယ်..” လို့ ဆိုပါတယ်။
ပန်းရဲ့လမ်းအဖွဲ့ဝင်တွေကို တင်ဆောင်မောင်းနှင်လာတဲ့ ကိုအရွတ်ခန်း ဒဏ်ရာပြင်းထန်ပြီး၊ အဆိုတော် ကိုသားထွေး ခေတ္တ သတိလစ်သွားခဲ့ပါတယ်။ ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ အဆိုတော် သက်လျာဦးလဲ ဦးခေါင်းမှာဒဏ်ရာရသွားပြီး တခြားသူတွေလည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။
သူတို့တစ်ဖွဲ့လုံး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိခဲ့ကြပါတယ်။ မဇ္ဈိမလှိုင်း ကိုရဲလွင်ကတော့ အဲဒီကားမှာ မပါခဲ့ပါဘူး။ ကိုရဲလွင်နဲ့အတူ ကိုမင်းကိုနိုင်၊ NLD လွှတ်တော်ကိုယ်စားလှယ် မဖြုဖြူသင်းတို့လည်း ဆေးရုံကြီးကို ရောက်ရှိအားပေးခဲ့ကြောင်း သိရပါတယ်။
ပန်းရဲ့လမ်းအဖွဲ့ဟာ NLD ပါတီအတွက် လိုအပ်ချက်များ လုပ်ဆောင်ပေးတဲ့အဖွဲ့ဖြစ်ပြီး နယ်လည့်အလှူငွေကောက်ခြင်း၊ ၄၃၆ လက်မှတ် ကောက်ခြင်းများကို လုပ်ဆောင်ပေးခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီအလံ ချိတ်ဆွဲထားတဲ့ ကားတစ်စီးက ဥပဒေမဲ့ စည်းကမ်းမရှိ မူးယစ်အော်ဟစ်သီချင်းဆိုမောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ခြင်းအတွက် ပြည်သူအများက မေးခွန်းထုတ်လျှက်ရှိပြီး ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးပွဲများကျင်းပစဉ်ကလည်း စည်းမဲ့ကမ်းမဲ့ ယာဉ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
ကိုရာဇာ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ