Wednesday, August 6, 2014

MEC CDMA ဆင်းမ်ကတ်များကို တစ်မိနစ် ၂၅ ကျပ် ဝန်ဆောင်မှုအသစ် ပေးမည်



မြန်မာ့စီးပွားကော်ပိုရေးရှင်း (MEC) ၏ CDMA ဆင်းမ်ကတ်များကို Voice Mail ဝန်ဆောင်မှုအသစ် တိုးမြှင့်ကာ ယခုလမှစတင်၍ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားကော်ပိုရေးရှင်းထံမှ သိရသည်။ အဆိုပါ ဝန်ဆောင်မှုသည် မိမိဖုန်းကို အခြားတစ်ဦးက ခေါ်ဆိုသောအခါ ဖုန်းမကိုင်မိခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေခြင်း၊ စက်ပိတ်ထားခြင်းနှင့် ဖုန်းမအားသေးခြင်းတို့အတွက် တစ်ဖက်မှ ခေါ်ဆိုသူက အသံမက်ဆေ့ခ်ျ (သတင်းတို) ချန်ထားနိုင်ခြင်း၊ ချန်ထားခဲ့သော မက်ဆေ့ခ်ျများကို ဖုန်းနံပါတ်၊ နေ့ရက်၊ အချိန်နှင့်တကွ ချန်ထားခဲ့သော မက်ဆေ့ခ်ျများကို ၂၄၄၀ က မိမိဖုန်းသို့ မက်ဆေ့ခ်ျ ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း ၁၈၇၆ Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဝန်ဆောင်မှုအတွက်က တစ်လကို တစ်ထောင်ပေးရမယ်။ ကိုယ့်ဖုန်းကို ချန်ထားခဲ့တဲ့ အသံမက်ဆေ့ခ်ျကို ပြန်ပြီးနားထောင်ချင်ရင် အသံမက်ဆေ့ခ်ျရဲ့ မိနစ်အတိုင်း ဖုန်းခေါ်ခကုန်မယ်” ဟု ၎င်းက ရှင်းပြသည်။ MEC ၏ Voice Mail ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် ‘Open VMS’ ဟုလည်းကောင်း၊ ‘Open MCA’ ဟုလည်းကောင်း ရိုက်ထည့်၍ နံပါတ် ၂၃၃ သို့ စာတိုပို့နိုင်ကြောင်း မြန်မာ့စီးပွားကော်ပိုရေးရှင်းထံမှ သိရသည်။ “ဝန်ဆောင်မှုက သုံးထားတဲ့သူကလည်း ချန်ထားခဲ့တဲ့ မက်ဆေ့ခ်ျကို နားထောင်ချင်ရင် ဖုန်းဘေလ်ကုန်မယ်။ အသံမက်ဆေ့ခ်ျ ချန်ထားတဲ့သူကလည်း ဖုန်းဘေလ် ကုန်မယ်ဆိုတော့ သိပ်တော့ အဆင်မပြေဘူး” ဟု MEC ဆင်းမ်ကတ် အသုံးပြုနေသော နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ဦးက ဆိုသည်။ ဇူလိုင်လ အတွင်းကလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လူသုံးဦးကို တစ်မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်သော ဝန်ဆောင်မှုကို ဆောင်ရွက်ထားကြောင်း သိရသည်။ 
The Voice 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ