ကျိုက်ထို၊
သြဂုတ် ၅ ရက်တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်းကျေးရွာ တွင် ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''ဒီနေ့မနက် ၅နာရီလောက်မှာ ရေတွေက တဖြည်းဖြည်း တက်လာ တယ်။ ကင်မွန်းစခန်း အနိမ့်ပိုင်းတွေ၊ ကားဝင်းနဲ့ ထမင်းဆိုင်တွေ ချောင်း ဘေးတစ်လျှောက်ကဆိုင်တွေ ရေမြုပ် ကုန်တယ်။ ကင်မွန်းချောင်းကျေးရွာ နဲ့ ဆောင်လှိုင်ကြီးကျေးရွာ ဆက် သွယ်ထားတဲ့ လူကူးတံတားက တောင် ကျ ရေတိုက်စားလို့ ကျိုးသွားတယ်'' ဟု ကင်မွန်းစခန်း ဒေသခံတစ်ဦးက မွန်းလွဲပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။
ယင်းတံတား ကျိုးပျက်မှုကြောင့် တံတားတစ်ဖက်ခြမ်းရှိ ဈေးဆိုင်များ မှ ဈေးရောင်းချသူများကို အကူအညီ ပေးရန် ကျေးရွာတာဝန်ရှိ သူများက ဆောင်ရွက်ပေးနေရကြောင်း သိရပြီး ညနေ ၃နာရီအထိ ရေများကျဆင်း ခြင်းမရှိသေးကြောင်း သိရသည်။
''ရေဘေးဒုက္ခသည်တွေကို နေ့ လယ်စာ ကျွေးမွေးလှူဒါန်းနေပါတယ်။ ဆန် သုံးတင်းခွဲ ချက်ပြုတ်လှူဒါန်း ပြီးပြီ။ အခု ညနေစာကျွေးနိုင်ဖို့ ထပ်ချက်နေပါတယ်''ဟု သာသန ရက္ခိတအသင်းမှ လူငယ်တစ်ဦးက ပြောသည်။
နောက်ဆုံးရရှိသော သတင်း များအရ ''ရေများ တဖြည်းဖြည်းပြန် လည်ကျဆင်းလျက်ရှိပြီး မိုးအဆက် မပြတ် ရွာသွန်းထားမှုကြောင့် မြေ သား ပျော့အိမှုများ ဖြစ်ပေါ်နေကာ တောင်ပြိုမှုများလည်း ဖြစ်ပေါ်နိုင် သဖြင့် တောင်ကမ်းပါးအနီး နေထိုင် သူများ သတိပြုရန် လိုအပ်ကြောင်း ကျေးရွာ တာဝန်ရှိသူများက ပြော ကြားသည်။
''ဒီနေ့ တောင်ပေါ်နတ်နန်းတစ်ခု နားမှာ မြေပြိုတယ်။ တဲသုံးလုံး ပျက်စီးတယ် လူတစ်ယောက်သေတယ် လို့ကြားတယ်။ ဒါကြောင့်မို့ ဖြစ်လာ မယ့်အန္တရာယ်ကို ကြိုတင်သတိရှိဖို့ လိုတယ်''ဟု ဒေသခံတစ်ဦးက ပြော သည်။
ZMT
No comments:
Post a Comment