ဧရာဝတီမြစ်ရေတိုက် စားမှုကြောင့် ကမ်းပါးပြိုကျကာ မြစ်အတွင်းသို့ စေတီတော်တစ် ဆူနစ်မြုပ်သွားကြောင်း သတင်း ရရှိသည်။
အဖျောက်မြို့၊ ရွာသစ်ကျေး ရွာ၏ ရွာဦးထိပ်ရှိ စေတီတော် တစ်ဆူသည် သြဂုတ် ၅ ရက်နံ နက်က သဲဝဲကြောင့် မြစ်အတွင်းသို့ ပြိုကျသွားကြောင်း ဒေသခံတစ်ဦး ကပြောသည်။
‘‘ဧရာဝတီမြစ်ထဲမှာ သဲဝဲ ပြန်ထပြီး ကမ်းကိုရိုက်လိုက်လို့ ကမ်းပါးပြိုကျတာကြောင့် ရွာဦး စေတီရေထဲနစ်သွားတယ်။ ဓမ္မာ ရုံကတော့ ရွှေ့ဆောက်ထားလို့ လွတ်သွားတယ်’’ဟု ဒေသခံ ဒေါ် အုန်းသန်းကပြောသည်။
အဆိုပါ စေတီတော်သည် ၁၃၇၁ ခုနှစ်(ခရစ်နှစ် ၂၀၀၉) တွင် စတင်တည်ထားကိုးကွယ်ခဲ့သော ဉာဏ်တော် ၉ တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့်စေတီ တော်ဖြစ်ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိခဲ့ပေ။
ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ပေ ၃၀ ရှည်ကာ ပေ ၁၂၀ ခန့်ကျယ်သည် ကမ်းပါးချပ်မှာ တဖြည်းဖြည်းအိလာကာ ပြိုကျခဲ့ပြီး စေတီတော်နှင့် စေတီအနီးရှိ တံခွန်တိုင်လည်း မြစ်အတွင်းသို့ တိမ်းစောင်းလဲကျသွားကြောင်း သိရသည်။
‘‘ကျွန်မတို့တွေတောင် အိမ် ပြောင်းထားတာမြန်လို့ ပိုက်ဆံရှိ တဲ့သူတွေအချို့ကတော့ သူများ လယ်ကွက်တွေကို ၀ယ်ပြီး အိမ် ဆောက်နေကြတယ်။ ပိုက်ဆံမရှိ တဲ့သူတွေကတော့ ကမ်းပါးမှာနေ နေကြသေးတယ်။ အန္တရာယ်များ တယ်’’ဟု အဖျောက်မြို့သို့ ပြောင်းရွှေ့ခဲ့သော အမျိုးသမီးကြီးတစ်ဦး ကပြောသည်။
7Day
No comments:
Post a Comment