Monday, August 11, 2014

ဘန်ကောက်အနီး ဆောက်လုပ်ဆဲ တိုက်ပြို ၊ မြန်မာအလုပ်သမားများ သေဆုံး ဒဏ်ရာရ ပိတ်မိနေဆဲဖြစ်







ဩဂုတ်လ ၁၁ ရက် ညနေပိုင်း ၃ နာရီခန့်က ထိုင်းနိုင်ငံအလယ်ပိုင်း ဘန်ကောက်မြို့အနီးရှိ ဆောက်လက်စ ၆ ထပ်တိုက်ပြိုကျ သဖြင့် ဆောက် လုပ်ရေး အလုပ်သမား ၃၀ ခန့် တိုက်ပြိုအောက်တွင် ပိမိနေကြောင်း ထိုင်း သတင်းဌာနများ က ထုတ်ပြန်ထားပါသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမား အများစု သည် မြန်မာများ ဖြစ်ကြပြီး သားငယ်အား တင်းကျပ်စွာ ဖက်ထားသော မြန်မာလူမျိုး သားအမိ အလောင်းအပါ အဝင် ညနေပိုင်း အထိ သေဆုံးသူအလောင်း ၄ လောင်းနှင့် ဆေးရုံပို့ထား သည့်ဒဏ်ရာရသူ ၁၉ ဦး ရှိပြီဖြစ်ကြောင်း ထိုင်းနေးရှင်း သတင်း တွင်ဖော်ပြ ထားသည်။
လူထု ဘေးအန္တရာယ် ကာကွယ်ရေးဌာနက ကွန်ကရစ်များ ပြိုကျမှုအောက်တွင် ပိမိနေသူများအား အမြန်ဆုံး ကယ်တင်နိုင်ရေးအတွက် အမိန့်ထုတ် ညွှန်ကြား ထားသည်။
အဆိုပါ တိုက်သည် အပေါ်ဆုံးအထပ်တွင် ဘိလပ်မြေကွန်ကရစ် ကြမ်းခင်းနေ စဉ် အောက်ထပ်များက အဆိုပါ အလေးဒဏ် မခံနိုင်သဖြင့် ပြိုကျရခြင်းဖြစ်ကြောင်း ခန့်မှန်းပြောဆိုပါသည်။
Ref - The Nation
The Ladies News Journal

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ