Monday, August 11, 2014

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ စည်းဝေးပွဲ ပြီးစီး



၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီးအစည်း အဝေးကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဒီနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။

တဆက်တည်း ကျင်းပတဲ့ အာဆီယံနဲ့ နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံနိုင်ငံများနဲ့ နယူးဇီလန် ပညာသင်ဆုအစီအစဉ်၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များဖလှယ်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ လယ်ယာစိုက်ပျိုးရေးစတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံ- သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သြစတြေးလျနိုင်ငံက ငါးနှစ်စီမံကိန်းသတ်မှတ်ပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

ဒီနေ့ အစည်းအဝေးတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန် ၊ သြစတြေးလျ၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ