“လူသားချင်းစာနာမှု” “လူ့အခွင့်အရေး” စသည်တို့သည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုများ၊ တိုက်တွန်းမှုများ၊ တောင်းဆိုမှုများ ပြုလုပ်ကြသည့် လူသားတိုင်းအတွက် အခြေခံရပိုင်ခွင့် အခွင့်အရေးဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော အကူးအပြောင်းကာလ၊ ဖွံ့ဖြိုးမှုနည်းပါးနေသည့်နိုင်ငံ၊ ဆင်းရဲမွဲတေမှု မြင့်တက်နေသည့်နိုင်ငံတွင် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုသည့် စကားရပ်များအတွက် ပြည့်စုံအောင် လုပ်ဆောင်ရန်မှာ ခက်ခဲနေဆဲဖြစ်သည်။
သို့သော် လျစ်လျူရှုရန် မည်သို့မျှမဖြစ်နိုင်ပေ။ မည်သို့မျှ မပြုလုပ်သင့်ပေ။ ထိုသို့ဆိုပါလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ ဤအတွက် ဒီမိုကရေစီဖွံ့ဖြိုးပြီးသော နိုင်ငံများ၏ လူသားချင်းစာနာမှုနှင့် အခြေခံလူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာ တန်ဖိုးထားသည့် လုပ်ဆောင်ချက်များကို နမူနာယူရမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတွင် အခက်အခဲဒုက္ခပေါင်းစုံ၊ အဆင်မပြေမှုပြဿနာရပ်မျိုးစုံ ရှိနေနိုင်သည်မှာ ယေဘုယျသဘောတရားတစ်ခုဟု မှတ်ယူနိုင်မည်ဖြစ်သော်လည်း မည်သည်ကို ဦးစားပေး ဖြေရှင်းရမည်ဆိုသည်မှာ လူမှုလူတန်းစားအဖွဲ့အစည်းအသီးသီးမှ ကူညီပါဝင်လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းဖြေရှင်းရမည် ဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်ရန် အခက်အခဲများ ရှိနေဦးမည်ဖြစ်သည်။
ထို့ကြောင့် လူမှုလူတန်းစားအသီးသီးမှ အဖွဲ့များ၊ နိုင်ငံသားများအနေဖြင့် လက်ရှိအခြေအနေအပေါ် မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်ကာ မည်သည်က ကောင်းမွန်သော အပြောင်းအလဲအတွက် အဓိကအရေးပါသည်ကို အလေးထားဦးစားပေးလုပ်ဆောင်သင့်ပါသည်။ ဤသို့ လုပ်ဆောင်ခြင်းသည်ပင်လျှင် နိုင်ငံသားတိုင်းရသင့်သည့် လူသားချင်းစာနာမှုနှင့် အခြေခံလူ့အခွင့်အရေးအား ဖော်ဆောင်ခြင်းပင်ဖြစ်ပါသည်။
လူငယ်များအတွက်
No comments:
Post a Comment