Pages

Monday, September 28, 2015

ဥရောပ ထိပ်သီးလိဂ်(၅)ခုတွင် ရှုံးပွဲမရှိသေးသည့်အသင်း (၇)သင်း ကျန်ရှိပြီး ပရီးမီးယားလိဂ်အသင်းများ ပါဝင်ခြင်းမရှိတော့

ဥရောပ ထိပ်သီးလိဂ်(၅)ခုတွင် ရှုံးပွဲမရှိသေးသည့် အသင်း(၇)သင်း ကျန်ရှိပြီး ယင်း(၇)သင်းတွင် ပရီးမီးယားလိဂ်အသင်းများ ပါဝင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၇) မကစားမီတွင် လက်စတာအသင်းက ရှုံးပွဲမရှိသေးသည့် အသင်း အဖြစ် ကျန်ရှိခဲ့သော်လည်း ပွဲစဉ်(၇)တွင် အာဆင်နယ်ကို ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိ သည့်အသင်း မကျန်ရှိ တော့ခြင်းဖြစ်သည်။

စီးရီးအေတွင်လည်း အင်တာမီလန်အသင်းက ရာနှုန်းပြည့်နိုင်ပွဲရခဲ့ရာမှ ယခုတစ်ပတ်တွင် ဖီအိုရင်တီးနား အသင်းအား ရှုံးနိမ့်ခဲ့ကာ ထိပ်သီးလိဂ်(၅)ခု တွင် ရှုံးပွဲမရှိသည့်အသင်း (၇)သင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

ဥရောပ ထိပ်သီးလိဂ်(၅)ခုမှ ရှုံးပွဲမရှိသေးသည့် အသင်းများ ဘိုင်ယန်မြူးးနစ် (ဘွန်ဒစ်လီဂါ) ဆယ်လ်တာဗီဂို(လာလီဂါ) ဒေါ့မွန်(ဘွန်ဒစ်လီဂါ) PSG (ပြင်သစ် လီဂူး)ရီးယဲလ်မက်ဒရစ်(လာလီဂါ)ဆာဆူအိုလို(စီးရီးအေ)ဗီလာရီးယဲလ်(လာလီဂါ)

Mizzima

No comments:

Post a Comment