သရုပ်ဆောင် ရဲတိုက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နိုင်ငံတော်သမ္မတထံ ရုပ်ရှင်ဂီတ အနုပညာရှင်များက လက်မှတ်များ ရေးထိုးသော အသနားခံစာအား ယနေ့မှာ ရဲတိုက်အမည်ဖြင့် အသုံးပြုနေသည့် ဖေ့ဘုတ်စာမျက်နှာထက်မှ ပရိသတ်များလည်း ဆုတောင်းပေးနိုင်ပါရန် တင်ပြလာသည်ကို တွေ့ရပါသည်။
အဆိုပါ ဖေါ်ပြထားသော အသနားခံစာနှင့်အတူ ပါရှိသည့် လက်မှတ်များအနက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ အကယ်ဒမီလူမင်း နှင့်အတူ ရုပ်ရှင် အနုပညာရှင်များဖြစ်သော အကယ်ဒမီ နေအောင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ဝေဠုကျော်၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ သူထူးစံ၊ နေယံ၊ ဇေရဲထက်၊ အကယ်ဒမီ မို့ မို့ မြင့်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ သက်မွန်မြင့်၊ အကယ်ဒမီ ၀တ်မှူန်ရွှေရည်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး၊ ဒါရိုက်တာ အကယ်ဒမီ ၀ိုင်း၊ ဒါရိုက်တာ ဟိန်းစိုး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်)၊ ဒါရိုက်တာ အောင်ဗပါဝါ၊ ကိုပေါက်၊ ရဲမြင့်သူ၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ အဆိုတော်ရန်ရန်ချမ်း၊ သျှီ၊ အိုင်ရင်းဇင်မာမြင့် အစရှိသည့် ရုပ်ရှင် ဂီတ အနုပညာရှင်များ ပါဝင်ပြီး စုစုပေါင်း ရုပ်ရှင် ဂီတ အနုပညာရှင် ( ၉၉ )ဦး က လက်မှတ်များ ရေးထိုးထားကြောင်း သိရသည်။
ယင်းသို့ နိုင်ငံတော်သမ္မတထံ ရုပ်ရှင် ဂီတ အနုပညာရှင်များက သရုပ်ဆောင် ရဲတိုက် ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် လက်မှတ်များ ရေးထိုးကာ အသနားခံစာ ပေးပို့ခဲ့သည်မှာ ၂၀၁၅ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် လက်မှတ်များ ရေးထိုးကာ အသနားခံစာ ပေးပို့ခဲ့သည်မှာ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ဖြစ်ကြောင်း သိရပါသည်။
The New Sky Media




No comments:
Post a Comment