Pages

Monday, August 3, 2015

ဘိုင်ယန်နှင့် ပွဲဦးထွက်ပြန်လည်ကစားရာတွင် ပျော်ရွှင်ဒေါသထွက်ဟု ရော်ဘင်ပြော

ယမန်နေ့က ၀ုဖ်ဘတ်အသင်းကို ရှုံးနိမ့်ခဲ့သောပွဲ၌ ဘိုင်ယန်တွင် ပြန်လည်ပါဝင်ခဲ့သော ရော်ဘင်က ပျော်ရွှင်ခြင်း၊ ဒေါသဖြစ်ခြင်းများ ခံစားခဲ့ရသည်ဟု ပြောသည်။

ယင်းပွဲတွင် ရော်ဘင်က ဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးခါနီး၌ ၀ုဖ်ဘတ်မှ ဘန့်တနာက ချေပဂိုးသွင်းယူပြီး နောက် ပင်နယ်တီတွင် ဘိုင်ယန်ရှုံးနိမ့်ခဲ့သည်။ဒဏ်ရာကြောင့် မတ်လမှစ ၍ ဘေးထွက်ထိုင်နေသော ရော်ဘင်သည် အသင်းနှင့်အတူ ပြန်လည်ကစားရသဖြင့် ပျော်ရွှင်သော်လည်း ချေပဂိုးအသွင်းခံရ၍ စိတ် ပျက်နေသည်။

‘‘အဲဒီပွဲကြောင့် ခံစားချက် နှစ်မျိုးဖြစ်သွားတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ မနိုင်ခဲ့လို့ ဒေါသထွက် စိတ်ပျက်ရတယ်။ တစ်ဖက်မှာလည်း အသင်းနဲ့အတူ ပြန်ကစားရလို့ အရမ်းပျော်တယ်’’ ဟုရော်ဘင်က ပြောသည်။

အကောင်းဆုံးပုံစံမရသေးဘဲ ၎င်း၏ ကစားပုံစည်းချက်ညီရန် လိုနေသေးသော်လည်း ယင်းပွဲဒုတိယပိုင်းတွင် ကောင်းစွာ ကစားနိုင်ခဲ့ သည်ဟု ရော်ဘင်က ပြောသည်။

7Day Daily

No comments:

Post a Comment