Pages

Monday, June 22, 2015

အသင်းကစားပုံ ပျင်းစရာကောင်းကြောင်း အာဂျင်တီးနားနည်းပြ ၀န်ခံ

ဆန်တီယာဂို - ကိုပါအမေရိကပြိုင်ပွဲတွင် ဂျမေကာကို တစ်ဂိုး-ဂိုးမရှိ ကပ်နိုင်သောပွဲ၌ အာဂျင်တီးနား အသင်း ကစားပုံမှာ ပျင်းစရာကောင်းကြောင်း နည်းပြ ဂါရာဒိုမာတီနိုက ၀န်ခံသည်။

သို့သော် အာဂျင်တီးနားသည် ဟီဂူအင်၏ဂိုးဖြင့် အုပ်စု(B)အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်သို့တက်ရောက် သွားပြီဖြစ် သည်။ ‘‘ကျွန်တော်တို့အသင်းထိရောက်မှု နည်းနေခဲ့တယ်။ ဒုတိယပိုင်းက ပျင်းစရာကောင်း တယ်။ ဘောလုံးအပေးအယူလုပ်တာ အရမ်းနှေးနေပြီး ကစားကွက် ဖော်တာလည်း အရှိန်အဟုန်မပါ ဘူး’’ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ဆိုသည်။

အသင်းခေါင်းဆောင် မက်ဆီကလည်း ယင်းပွဲတွင် ဒုတိယပိုင်း၌ ကစားပုံနှေးကွေးသွားသည်ဟု ပြောကြား ပြီး ရှုံးထွက်အဆင့်တွင် တိုးတက်အောင်လုပ်ရမည် ဟု ပြောသည်။

‘‘ဒုတိယပိုင်းမှာ ခြေကျသွားတယ်။ ကစားတာ အများကြီးနှေးသွားတယ်။ ပါရာဂွေးနဲ့ ပွဲတုန်းကလည်း ဒီအတိုင်းပဲ။ ရှုံးထွက်ပွဲစဉ် တွေမှာ ဒီလိုထပ်အဖြစ်ခံလို့ မရ ဘူး’’ဟု မက်ဆီက သတိပေးပြောကြားသည်။

ဂျမေကာနှင့်ပွဲတွင် ဂိုးသွင်းခဲ့သူ ဟီဂူအင်က မိမိတို့ အသင်းမှာ အခွင့်အရေးများကို ဆုပ်ကိုင်ရယူတတ်ရ မည်ဟု ပြောသည်။

7Day Daily



No comments:

Post a Comment