သီလရှင်ဝါ တစ်ဝါရရှိပြီဖြစ်သော ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာသည် ပဋိပတ္တိ ပထမငယ်တန်းစာမေးပွဲ ဖြေဆိုထားကြောင်း ၎င်း၏ Facebook စာမျက်နှာ တွင် ဖော်ပြချက်များအရ သိရသည်။
''သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ။ ပဋိပတ္တိစာပေလေ့လာ ဆည်းပူးနေရင်းက ပထမငယ်စာမေးပွဲကို ဝင်ရောက် ဖြေဆိုထားပါတယ်'' ဟု ၎င်းကမိန့်ကြားခဲ့သည်။
ဒေါ်နန္ဒမာလာသည် ပဋိပတ္တိစာပေများကို လေ့လာလိုက်စား၍ တရားဘာဝနာများ စီးဖြန်းအားထုတ်နေပြီး တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများပြည်သူများ အတွက် ၂၀၁၄ ခု စက်တင်ဘာ ၆ ရက်က အလှူငွေ ကျပ်သိန်းသုံးဆယ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ခန့်ချောကြီး
(ကိုထွန်းဝေ)
Myanmar Celebrities


No comments:
Post a Comment