Pages
▼
Thursday, January 8, 2015
ခေါင်းဖြတ်သတ်ခြင်းကိုဦးဆောင်သည့် IS အဖွဲ့ခေါင်းဆောင် ခေါင်းဖြတ်သတ်ခံရပြီးသေဆုံး
IS အဖွဲ့၏ ရဲတပ်ဖွဲ့ဟု ၎င်းဘာသာ ကြေညာထားသည့်အဖွဲ့မှ ထိပ်တန်းခေါင်း ဆောင်တစ်ဦးဆီးရီးယား
အရှေ့ပိုင်းတွင် ခေါင်းဖြတ်သတ်ခံရကာ သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။
ထိုအဖွဲ့သည် ဖမ်းဆီးခံထားရသူများကို ခေါင်းဖြတ်သတ်ရာတွင် တာဝန်ယူထား သည့်အဖွဲ့ဖြစ်သည်။
ခေါင်းတခြား၊ ကိုယ်တခြားဖြစ်နေသည့် အလောင်းက ဒဏ် ရာဒဏ်ချက်များဖြင့် ပြည့်နေသည်။ ပါးစပ်တွင်မူ စီးကရက်တစ်လိပ်ခဲထားသည် ကို တွေ့ရကြောင်း၊ ထို့ ပြင် ““ဒီလုပ်ရပ်က လုံးဝလက်ခံနိုင်စရာမရှိတဲ့
လုပ်ရပ်ပဲ””ဟု ရေးသားထားသည့် စာတိုကိုလည်း ၎င်း ခေါင်းတွင်ကပ်ထားသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။
IS တို့ လက်အောက်တွင်ကျ ရောက် နေသည့် ဆီးရီးယားအရပ်ဒေသ အချို့မှ ဒေသခံများက IS တို့သည် ၎င်းတို့အုပ် ချုပ်ရာနယ်မြေတွင် လူအများရှေ့၌ ဆေးလိပ်မသောက်ရဟု တားမြစ်ထားသည်ဟု
ပြောပြသည်။
ထိုသို့ အသေဆိုးဖြင့် သေဆုံးသွားရသည်မှာ IS တို့ လက်ချက်လော၊ ဒေသခံတို့လက်ချက်လော သို့မဟုတ် အခြားသော တိုက်ခိုက်ရေးသမားများ၏ လက်ချက်လောဆိုသည်ကို တိတိကျကျ မသိရဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ IS အစွန်းရောက်တို့သည် ၎င်းတို့အဖွဲ့ဝင်ချင်းကိုလည်း စည်းကမ်း ချိုးဖောက်မှုဖြင့် သတ်ဖြတ်လေ့ရှိသည်။
Pyimyanmar

No comments:
Post a Comment