Pages
▼
Wednesday, December 31, 2014
ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲ
ဒိတ်ဒိတ်ကြဲ ဒီဗီဒီထွက် ရှိသည့် ပရိုမိုးရှင်းပွဲကို ပရိသတ် သောင်းနှင့်ချီ၍ လာရောက်ခဲ့ကြ ပြီး ပရိုမိုးရှင်းပြုလုပ်သည့် တစ် နေရာတည်း၌ စုစုပေါင်းအခွေ လေးထောင်ကျော် ရောင်းချခဲ့ရ ကြောင်း သတင်းရရှိသည်။
‘‘ဆယ်စုနှစ်တစ်ခုစာ အား ပေးခဲ့တဲ့ ပရိသတ်တွေ ဒီနေ့အထိ အနုပညာအလုပ်တွေ ဆက်လုပ် နိုင်အောင် ခွန်အားတွေ ပေးနေ တဲ့ ပရိသတ်ကြီးကို ကျေးဇူးတင် ပါတယ်’’ ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။
ထို့ပြင် ဒီဗီဒီပရိုမိုးရှင်းပြုလုပ် ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်သည် ပရိသတ်များ၏ အားပေးမှုကြောင့် ပျော်စရာကောင်းသည့် အမှတ် တရ နေ့ရက်တစ်ရက်ဖြစ်ခဲ့ ကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။
‘‘Junction Square တစ်နေ ရာတည်းမှာ အခွေလေးထောင် ကျော်လောက် ရောင်းခဲ့ရပါ တယ်’’ ဟု Excellent Creation မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
စိုင်းစိုင်းခမ်းလှိုင်၏ ရှစ်ခွေ မြောက် တစ်ကိုယ်တော်ခွေ ဒိတ် ဒိတ်ကြဲ ဒီဗီဒီကို ဒီဇင်ဘာ ၂၈ ရက် တွင် စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် Junction Square ၌ ပရိုမိုးရှင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
‘‘Junction Square သို့ နေ့စဉ်လာရောက်သူ ပုံမှန်တစ် သောင်းခွဲဝန်းကျင်ရှိပြီး စိုင်းစိုင်း ခမ်းလှိုင် ဒီဗီဒီပရိုမိုးရှင်းပွဲ ပြုလုပ် သည့်နေ့တွင်မူ စုစုပေါင်းလာ ရောက်သူ သုံးသောင်းကျော်ရှိ ကြောင်း ယင်းဈေးဝယ်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘တခြားပွဲတွေရှိရင် လူနှစ် သောင်းခွဲလောက် လာတယ်။ မနေ့ကတော့ လူတော်တော်များ တယ်။ သုံးသောင်းခွဲလောက်ရှိ မယ်။ ပရိုမိုးရှင်းဧရိယာရှေ့က ဓာတ်လှေကားတောင် လူတွေ ပြည့်နေလို့ ရပ်ထားရတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ယင်းပရိုမိုးရှင်းပွဲကို မွန်းလွဲ ၁ နာရီတွင် စတင်မည်ဖြစ်သော် လည်း နံနက် ၁၀ နာရီကတည်း က ပရိသတ်များက စောင့်ဆိုင်း ခဲ့ကြသည်။
‘‘မနက် ၁၀ နာရီကတည်းက ရောက်နေတာပါ။ ကိုစိုင်းရဲ့ လက်မှတ်ရဖို့ တော်တော်စောင့်လိုက်ရ တယ်’’ ဟု ရွှေပြည်သာမြို့နယ်မှ လာရောက်အားပေးသည့် ဆယ် ကျော်သက်မိန်းကလေး ပရိသတ် တစ်ဦးက ပြောသည်။
အမှတ်တရ လက်မှတ် စ တင်ရေးထိုးချိန်တွင် ပရိသတ်များ နှင့်အတူ အမှတ်တရ ဓာတ်ပုံတွဲ ရိုက်ပေးခဲ့သော်လည်း နောက်ပိုင်း တွင် အားပေးသည့် ပရိသတ်များ ကို မနိုင်သောကြောင့် စိုင်းစိုင်း ခမ်းလှိုင်ကိုယ်တိုင် မိုက်ကရိုဖုန်း ကိုင်၍ ပွဲထိန်းခဲ့ရသည်။
‘‘တန်းမစီနိုင်လို့ လက်မှတ် တောင် မရခဲ့ပါဘူး။ လူတွေအ ရမ်းများတော့ အသက်ရှူကျပ်လို့ ပြန်ထွက်လာရတယ်’’ ဟု အသက် ၂၀ကျော်အရွယ် မိန်းကလေးပရိ သတ်တစ်ဦးက ပြောသည်။
ဒိတ်ဒိတ်ကြဲ ဒီဗီဒီပရိုမိုးရှင်း ပွဲကို မန္တလေးမြို့ ၇၃ လမ်း Ocean Super Center ၌ ဒီဇင် ဘာ ၃၀ ရက်(ယနေ့) ညနေ ၅ နာ ရီတွင် ပြုလုပ်မည်ဖြစ်သည်။
7Day

No comments:
Post a Comment