Pages
▼
Monday, December 29, 2014
ဆယ်ကျော်သက်အရွယ် အမေရိကန်ကျောင်းသူလေးတစ်ဦးလူခုနှစ်ဦး၏ ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခံရ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦး ကို ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခဲ့တဲ့ သားအဖနှစ်ဦးနဲ့ အပေါင်းပါငါးဦးတို့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်က အရေးယူဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။
အဆိုပါအခင်းဖြစ်ပွားမှုမှာ အဓိကပြစ်မှု ကျူးလွန်သူမှာ သားအဖနှစ်ဦးဖြစ်ပြီး အသက်၄၃နှစ် အရွယ် စီနီယာ ဒါးရစ်ခ်ျပေါဝဲလ်နဲ့ သားဖြစ်သူ ဂျူ နီယာ ဒါးရစ်ခ်ျပေါဝဲလ်တို့ပဲဖြစ်ပါတယ်။
သူတို့သားအဖနှစ်ဦးဟာ လွန်ခဲ့တဲ့ဒီဇင် ဘာ ၄ရက်က ကျောင်းမှပြန်လာသော ဆယ်ကျော် သက်အရွယ်ကျောင်းသူလေးကို လမ်းမှာ ပြန်ပေးဆွဲ ခဲ့ပါတယ်။
ယင်းသားအဖနှစ်ဦးဟာ အသက်၁၆ နှစ်အရွယ်ခန့်ရှိတဲ့ ဆယ်ကျော်သက်အရွယ်ကျောင်း သူလေးကို ပြန်ပေးဆွဲခဲ့ရုံသာမက အဓမ္မပြုကျင့်ခဲ့ပြီး သူတို့ရဲ့ အပေါင်းပါငါးဦးတို့ကိုပါ ယင်းကောင်မလေး နဲ့ အဓမ္မပြုကျင့်စေခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးကိုလည်း မူးယစ်ဆေးဝါးသုံးစွဲစေခဲ့ တယ်လို့ ရှေ့နေတစ်ဦးကပြောဆိုခဲ့ပါတယ်။
အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ သားအဖနှစ် ဦးကို သက်ဆိုင်ရာက အရေးယူဖမ်းဆီးခဲ့ပြီး အဆို ပါ ပြန်ပေးဆွဲကိစ္စအမှုတွင် သံသယရှိတဲ့အပေါင်းပါ ငါးဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ သက် ဆိုင်ရာရဲတပ်ဖွဲ့ဝင်က ပြောဆိုခဲ့ပါတယ်။
Ref : Daily Mirror

No comments:
Post a Comment