Pages
▼
Tuesday, November 18, 2014
ကင်ညာနိုင်ငံရှိ ဗလီများကို ရဲတပ်ဖွဲ့ဝင်များ စီးနှင်းရာ လက်နက်များသိမ်းဆည်းရမိပြီး လူ၂၀၀ထက်မနည်းဖမ်းဆီးထိန်းသိမ်း
ယမန်နေ့တွင် ကင်ညာနိုင်ငံ ၊ မွန်ဘာဆာမြို့ ၌ဆိုမာလီယာ အယ်လ်ကိုင်ဒါ အဖွဲ့ လက်အောက်ခံ ရှီဘတ် စစ်သွေးကြွ များနှင့် ဆက်သွယ်မှုရှိသည့် ဗလီများကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ရာ လက်နက်များ သိမ်းဆည်းရမိခဲ့ပြီးနောက် လူ ၂၀၀ ထက် မနည်းကို ဖမ်းဆီးခဲ့ပြီး ရုန်းရင်းဆန်ခတ်မှု တွင် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရှီဘတ် စစ်သွေးကြွ များက နိုင်ငံအတွင်း တိုက်ခိုက်ရေးများ ပြုလုပ်မည်ဟု သတင်းရရှိသည့် အတွက် နံနက် လင်းအားကြီး ချိန်တွင် မူဆာ နှင့် ဆာကီနာ ဗလီများကို ဝင်ရောက် စီးနင်းခဲ့ရခြင်း ဖြစ်ကြောင်း မွန်ဘာဆာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပြသည်။ အသက် ၂ဝ အရွယ် လူငယ်တစ်ဦးက ရဲတပ်ဖွဲ့များကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းသောကြောင့် အသေပစ်သတ် ခဲ့ရခြင်း ဖြစ်သည်။ ''ကျွန်တော်တို့ ဗလီထဲကို ဝင်လိုက်တာနဲ့ အဲဒီလူငယ်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ဖို့ လုပ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ရ တာပါ '' ဟု ရဲမှူးက ပြောပြသည်။ စီးနင်းမှု တွင် ပစ္စတိုတစ်လက် နှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရမိ ခဲ့သည်။
ကင်ညာနိုင်ငံတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ အကြား မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ ရှိပြီး တရားဟောဆရာ အများအပြားကို ယခင်ကလည်း ပစ်သတ်ခဲ့ဖူး သည်။ ယခုတစ်ကြိမ် ရဲတပ်ဖွဲ့က အင်အားသုံး စီးနင်းခြင်း သည်လည်း ကင်ညာ ပြည်တွင်းရေး အခြေအနေကို ပို၍သာ ဆိုးရွား လာစေမည်ဟု မွန်ဘာဆာ အခြေစိုက် ပြည်တွင်း လူမှုရေးအဖွဲ့ HAKI Africa မှ တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောကြားသည်။
အနောက်နိုင်ငံ များက မိမိနိုင်ငံသား များကို မွန်ဘာဆာမြို့ သို့ ခရီးမသွားရန် တားမြစ်ထားသည်။ မွန်ဘာဆာမြို့ သည် ကင်ညာနိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်း တစ်လျှောက် အရေးပါသော သယ်ယူ ပို့ဆောင်ရေး မြို့ကြီးတစ်မြို့ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်တွင် ကင်ညာက ဆိုမာလီယာနိုင်ငံ ထဲသို့ ကျူးကျော် ဝင်ရောက်ကာ ရှီဘတ် စစ်သွေးကြွ များကို တိုက်ခိုက်ခဲ့ ရာမှ မွန်ဘာဆာမြို့တွင် ဗုံးခွဲမှုများ၊ သေနတ်ပစ်ခတ် လူသတ်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်
Credit- အမျိုးသားရေး Media


No comments:
Post a Comment