၂၀၁၅ မေလတွင် အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်
လာမည့် ၂၀၁၅ မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းမှ ရရှိလာသော အချက်အလက်များကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ရရှိလာသည့် အဖြေပေါ်တွင် မူတည်၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ကျင်းပသွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။‘‘Refrendum ပြီးပြီးချင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွေကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက ဆိုသည်။7 Days
No comments:
Post a Comment