Pages

Thursday, November 13, 2014

သမ္မတ ဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား သမ္မတသစ် ဘာတွေ ဆွေးနွေးကြလဲ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဒေါက်တာ ဂျိုကို ဝီဒိုဒိုတို့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၈နာရီမှာ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာရှိတဲ့ ပုလဲခန်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာ-အင်ဒိုနီးရှား ကုန်သွယ်မှုကို ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒါအပြင် မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ဒေသတွင်းနဲ့ နိုင်ငံတကာ နယ်ပယ်မှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ လုပ်ငန်းဆိုင်ရာတွေ၊ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာ-အင်ဒိုနီးရှား ကုန်သွယ်မှုဟာ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၄၉၈ သန်း ရှိခဲ့ပါတယ်။ သမ္မတ ဒေါက်တာဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုရဲ့ ၂၀၁၃ ခုနှစ် ဧပြီလခရီးစဉ်မှာ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ သန်းတစ်ထောင်အထိ တိုးမြှင့်ဖို့ အဆိုပြုခဲ့ကြတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
the voice

No comments:

Post a Comment