Pages
▼
Tuesday, November 18, 2014
၂၀၁၄အတွင်းအပစ်ရပ်လက်မှတ်ထိုးနိုင်မည်ဟု ဦးအောင်မင်းပြော
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၄
၂၀၁၄ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်မယ်လို့ ယုံကြည်ပြီး
၂၀၁၅ခုနှစ်မှာ နိုင်ငံရေးဆွေးနွေးပွဲဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့က ပုသိမ်မြို့ မှာကျင်းပနေတဲ့ MPC ရဲ့ လူငယ် ငြိမ်းချမ်းရေးဖိုရမ်ပွဲမှာ
ပြောကြားသွားခဲ့တာပါ။ ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မခက်ပေမယ့် ခက်အောင်လုပ်နေသူ တွေကြောင့် ခက်တာဖြစ်ပြီး ငြိမ်းချမ်းရေးကို အောင်မြင်အောင် လုပ်မယ်လို့လည်း ပြောပါတယ်။ ဒီလအစောပိုင်းမှာ NCCT က တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ ငြိမ်းချမ်းရေးအတွက်အလွတ်သဘော နေပြည်တော်မှာ
ဆွေးနွေးခဲ့ပြီး နိုဝင်ဘာလကုန်းပိုင်းမှာ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူ ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ မပြင်ဆင်ဘဲနဲ့ ငြိမ်းချမ်းရေးရနိုင်ပါ့မလားဆိုတဲ့ ဖိုရမ်ကို တက်ရောက်သူ လူငယ်တဦးက မေးမြန်းရာမှာတော့ ဖွဲ့စည်းပုံ အခြခံဥပဒေပုဒ်မ ပြင်ဆင်ဖို့ ဆိုရင် လွှတ်တော်နဲ့သာ သက် ဆိုင်ကြောင်းပြောကြား ခဲ့ပါတယ်။
DVB

No comments:
Post a Comment