Pages

Wednesday, November 12, 2014

အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အိုဘားမား ပြန်ရောက်လာ ချိန်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုံ့နှေးရပ်ဆိုင်းနေခြင်းကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပြ ဝေဖန်လျက်ရှိကြသည်။ နေပြည်တော်သို့ ရောက်ရှိပြီးနောက် သမ္မတဦးသိန်းစိန်တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင်ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်သည်။
7Day

No comments:

Post a Comment