Pages

Tuesday, June 3, 2014

စားဖို့မရှင်ကြပါနဲ့


ရှုထောင့်တစ်ခုကကြည့်လျှင် လူ ၂မျိုးကို တွေ့ရ၏။ ရှင်ဖို့စားကြသူများနှင့်စားဖို့ရှင် ကြသူများဖြစ်သည်။ ရှင်ဖို့စားကြသူများသည် တစ်စုံတရာဖန်တီးနိုင်ခွင့်ရှိ သူများဖြစ်ကြ သည်။ ကိုယ့်မိသားစုအတွက် အနည်း ဆုံးလုံခြုံမှုပေးနိုင်ကြသည်။ ထိုထက်ပိုကာ အသိမြင့် သဒါတင့်လျှင် ကိုယ့်လူမှုအဖွဲ့အစည်းအတွက် တစ်စုံတရာ ဆောင်ရွက်နိုင်ကြ သည်။ အမေရိကန်တွင် Bill Gatesတို့က စည်းရုံးကာ ဘီလီယံနာ သူဌေးကြီးများ ကို စုရုံးကာ မိမိတို့ချမ်းသာမှုတစ်ဝက်ကို လူမှုရေး အားနည်း သည့် နေရာများတွင် သုံးစွဲရန် လှူဒါန်းဖို့ စည်းရုံးနိုင်ခဲ့ကြသည်ဟူသော သတင်းကိုဖတ်လိုက်ရ သည့် အတွက် မုဒိတာပွား သာဓုခေါ်ရ၏။
“စားဖို့ရှင်ကြသူများ ”မှာ ၀မ်းတစ်ထွာအတွက်ရုန်း ကန်လှုပ်ရှားနေကြရသည့် အတွက် ထိုဝမ်းတစ်ထွာ ထက်ပိုကာ ဘာမှမလုပ်ဆောင်နိုင်ကြသူများဖြစ်ကြ ရသည်။ အဖန်တီးခံများဟု ဆိုလျှင် မမှား။ ကံသည် အကြောင်းတရားဟု ဆို သော်လည်းဥာဏ်၊၀ီရိယ၊ စိတ် တို့ကိုပစ်ပယ်မရချေ။အသိတို့ကိုသူတစ်ပါးမသင်ဘဲ  ဖြည့် ဆည်းခဲ့ကြသူများနှင့်အသိရှာရန်ဝန်လေးသူ၊သက်တောင့် သက်သာသဘောကို  နှစ်သက်ခုံမင်သူတို့၏ အကွာ အဟ ဖြစ်ပါသည်။

ဒေါက်တာနေဇင်လတ်(ပြည်သူကိုလေးစားသောအစိုးရ၊ အစိုးရကိုလေးစားသောပြည်သူ)မှကောက်နှုတ်ဖော်ပြချက်

No comments:

Post a Comment