ကချင်ပြည်နယ်နေ့
“
ကချင်ပြည်နယ်” နေ့
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ၁၉၄၈-ခု၊ ဇန္နဝါရီလ(၄)ရက်နေ့
နံနက်(၄)နာရီတိတိ တွင် ဗြိတိသျှအစိုးရ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေး
ရရှိခဲ့ပြီးနောက် (၆)ရက် အကြာတွင် ဇန္နဝါရီလ(၁၀)ရက်နေ့၌ ကချင်ပြည်နယ်ကို
တရားဝင် မွေးဖွားခဲ့ပြီး “ ကချင်ပြည်နယ်နေ့” ဟု သမိုင်းဝင် သတ်မှတ်
ခေါ်တွင်ခဲ့ပါသည်။
ထိုနေ့တွင် မြစ်ကြီးနားမြို့ စီတာပူ၊ မနောကွင်း၌ ပထမဆုံးအကြိမ်
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲကို စည်ကား သိုက်မြိုက်စွာ
ကျင်းပခဲ့ကြသည်။ထို မနောပွဲသို့ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတကြီး (ဦး)
စဝ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နံနက်(၈)နာရီတွင် မနော မဏ္ဍပ်ကြီးကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
No comments:
Post a Comment