Monday, August 3, 2015

ရေဘေးသင့်သူများအတွက် အသင့်ရှိတဲ့ အနုပညာရှင်များ

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ကြုံတွေ့နေရသော ရေဘေးသင့်ဒေသများအတွက် အနုပညာရှင်များက ရန်ပုံငွေပွဲများကပြ၍ အလှူငွေများရှာဖွေပေးနေသည်။ ထို့ကြောင့် ရေဘေးနှင့် ပါဝင် ကူညီနေကြသော အနုပညာရှင်အချို့၏ကူညီမှုများကို စုစည်းဖော်ပြပေးလိုက် ပါသည်။

‘‘ကျူးပစ်ရဲ့ ကျေးကျွန်များ အဖွဲ့သားများ’’

ကျူးပစ်ရဲ့ကျေးကျွန်များ ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့် နေတိုး၊ ဖွေးဖွေးနှင့် လူစွမ်း ကောင်းထုတ်လုပ်ရေးတို့ ပူးပေါင်း၍ ရေဘေးသင့်ဒေသများအတွက် နာရေးကူညီမှုအသင်းသို့ အလှူငွေ ကျပ်၁၉ သိန်းကို သြဂုတ်၂ ရက်က လှူဒါန်းခဲ့သည်။

စန္ဒီမြင့်လွင်

ပြီးခဲ့တဲ့ရက်ကလုပ်တဲ့ ရေဘေးအလှူမှာ လှူဖြစ်တယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ အင်္ကျီတွေ၊ အ၀တ် အစားတွေ လှူဖို့ရှိတယ်။ လောလောဆယ်တော့ လှူတဲ့အဖွဲ့တွေကိုပဲ ပေးဖြစ်မယ်။ ကိုယ်တိုင်တော့ သွား မလှူဖြစ်လောက်ဘူး။ ဒါပေမဲ့ ခေါ်တဲ့အဖွဲ့တွေရှိရင်တော့ လိုက်သွားဖြစ်မယ်။ နောက်ရက်မှာ ကိုဆန်းထွဋ် တို့၊ ကိုမောင်မောင်အေးတို့ စီစဉ်တဲ့ Junction Square မှာ လုပ်မယ့်ဖျော်ဖြေပွဲမှာလည်း ၀င်ဆိုပေးဖို့ ရှိပါတယ်။

ဝိုင်းစုခိုင်သိန်း

ရုပ်ရှင်၊ ဂီတ၊ သဘင် ရန်ပုံ ငွေ ဖျော်ဖြေပွဲမှာ သီဆိုပေးဖြစ် တယ်။ နောက်ပြီး မိတ်ကပ် လင်းလင်းတို့ ကူညီတဲ့ဆီမှာ အလှူငွေထည့်တယ်။ နောက်နေ့ ကျရင်လည်း ကိုဆန်းထွဋ်တို့ လုပ်တဲ့ အစီအစဉ်အတိုင်း စင်တာတွေမှာ အလှူငွေကောက်ပေး မယ်။

ပိုပို

သြဂုတ် ၉ ရက် ပြည်သူ့ရင် ပြင်မှာ ဈေးရောင်းပွဲတော်လုပ်ဖို့ ရှိတယ်။ အရုပ်လေးတွေ ရောင်း မယ်။ အင်္ကျီ၊ အ၀တ်အစားတွေ၊ အစားအစာတွေ ရောင်းမယ်။ ရောင်းလို့ရတဲ့ ငွေတွေကို လှူ မယ်။ ရေကြီးတာကတော့ နေရာ တိုင်းမှာ ဖြစ်နေတာဆိုတော့ ဖြစ် လာတဲ့အပေါ်မှာ တကယ်ကို အ ရမ်းလိုအပ်တဲ့ နေရာတွေမှာ လှူ မယ်။ တကယ်လို့ ဘာမှမဖြစ် တော့ဘူးဆိုရင်လည်း ပြန်လည် ထူထောင်ရေးအတွက် လှူဖြစ်မယ်။

နန်းခင်ဇေယျာ

ဒီနေ့ သြဂုတ် ၂ ရက်မှာလည်း နန်းခင်တို့ မန္တလေးဘောလုံးကွင်းမှာ ရေဘေးသင့် ဒေသတွေအတွက် အလှူငွေထပ် ကောက်မယ်။ နောက်နေ့မှာလည်း မန္တလေးမြို့ထဲမှာ ကောက်ဖို့ ရှိတယ်။ မန္တလေးက ပြန်ဆင်းရင် အလှူငွေတချို့လည်း ရနေပြီ။ ပြီးတော့ အစားအသောက်တွေ၊ အ၀တ်အစားတွေလည်း လှူထားတာရှိတော့ လေးငါးရက်လောက် ထပ်စုပြီး လိုအပ်တဲ့နေရာတွေမှာ သွားလှူဖြစ်မယ်။ ကလိုရင်း တွေ လိုအပ်တယ်။ သောက်ရေတွေ ရှားပါးနေတယ် ဆိုတော့ အဲဒါတွေလည်း သွား လှူဖြစ်မှာပါ။ သြဂုတ် ၈ ရက်နဲ့ ၉ ရက်မှာတော့ Junction ဆိုင်တွေ နဲ့ Ocean မှာ အလှူငွေသွား ကောက်ဖို့ ရှိတယ်။

အိမ့်ချစ်

ရေဘေးသင့်ပြည်သူတွေအတွက် ၈၈ ခေါင်းဆောင်ကျောင်းသားဟောင်းများ၊ အနုပညာရှင်များ၊ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ၊ ပရဟိတအဖွဲ့များပူးပေါင်းပြီး လှည်းတန်းနဲ့ ယုဇနပလာဇာသို့ အလှူငွေများ လိုက်လံကောက်ခံခဲ့ကြပါတယ်။

7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ