Saturday, August 2, 2014

PR စနစ်ကို NLD ကန့်ကွက်ချင်ရင် ကျိုးကြောင်းဆီလျော်မှုရှိရမယ်လို့ NDF တုံ့ပြန်


အချိုးကျကိုယ်းစားပြုတဲ့ ရွေးကောက်ပွဲ PR စနစ်ကို သူတို့ပါတီက အဆိုတင်သွင်းခဲ့တာကို NLD က ကန့်ကွက်တာ ကျိုးကြောင်းဆီလျော်မှုရှိဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက တုံ့ပြန်လိုက်ပါတယ်။ သူတို့ရဲ့ PR ဟာ ငြိမ်းချမ်းရေးကို အားပေးတယ်လို့ ပြောပါတယ်။
လွှတ်တော်အမတ် ဦးအောင်ဇင်ရဲ့ PR အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခွင့်အရေးရှိလို့ ကန့်ကွက်နိုင်ပေမယ့် PR ကျင့်သုံးနေတဲ့ နိုင်ငံတွေက အလားအလာကောင်းတွေကို ကြည့်ပြီးမှ ကန့်ကွက်မယ်ဆိုရင် ဆီလျော်မှုရှိမယ်လို့ ဦးခင်မောင်ဆွေက သြဂုတ် ၁ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
PR စနစ်ဆိုတိုင်း ကန့်ကွက်ရမယ်ဆိုရင် ရလာမယ့် အလားအလာတွေကို ပိတ်ပင်တာမျိုး မဖြစ်စေဖို့လိုပြီး အပြောင်းအလဲကာလ ငြိမ်းချမ်းရေးမှာ လူမျိုးစုံပါဝင်နိုင်မယ့် PR စနစ်ကြောင့် ၂ဝ၁၅မှာ လူမျိုးပေါင်းစုံ လွှတ်တော်ထဲရောက်လာရင် ငြိမ်းချမ်းရေးကို တွန်းအားပေးနိုင်မယ်လို့ သူက ဆိုပါတယ်။
ဖယ်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ဝင်တွေ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ NDF အမတ် ဦးအောင်ဇင်ရဲ့အဆိုကြောင့် မြန်မာနိုင်ငံနဲ့လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာဖို့ ကော်မရှင်ဖွဲ့စည်းတာကို ထောက်ခံတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
PR စနစ်အပါအဝင် ဘယ်ရွေးကောက်ပွဲစနစ်ကမှ မပြည့်စုံတာကြောင့် ဘယ်စနစ်က ဒီမိုကရေစီနည်းလမ်းကျသလဲဆိုတာကိုသာ စဉ်းစားတတ်ဖို့လိုတယ်လို့ ဒီမိုကရက်တစ်ပါတီ -မြန်မာက ဦးတင့်ဆွေက ပြောပါတယ်။
ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ် FDA က အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တစညပါတီ၊ NDF၊ NLD၊ NCCT ခေါင်းဆောင်တွေ၊ UNA နဲ့ FDA လို မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ ၉ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားထိပ်သီးညီလာခံကတော့ မြန်မာအစိုးရနဲ့ FDA တို့တောင်းဆိုထားတဲ့ ၉ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ပယ်ချလိုက်ပြီး ၃ပွင့်ဆိုင်ဖြစ်တဲ့ မြန်မာအစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်တွင်းနိုင်ငံရေးပါတီတွေကြား တွေ့ဆုံမှုကိုသာ အတည်ပြုခဲ့ပါတယ်။
Kamayut

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ